စတုတ်နည်းပြဟောင်း မာ့ခ်ဟုခ်ျကို နည်းပြသစ်အဖြစ် ဆောက်သမ်တန်ခန့်အပ်

ဆောက်သမ်တန်အသင်းဟာ စတုတ်နည်းပြဟောင်း မာ့ခ်ဟုခ်ျကို နည်းပြသစ်အဖြစ်ရာသီကုန်အထိ စာချုပ်နဲ့ ခန့်အပ်လိုက်ပါတယ်။

အသက်(၅၄)နှစ်အရွယ်နည်းပြဟာ တနင်္လာနေ့က ရာထူးက ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြဟောင်း ပယ်လီဂရီနို နေရာမှာ အစားထိုးခန့်အပ်ခံခဲ့ရတာပဲဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ လိဂ်(၁၇)ပွဲမှာ (၁)ပွဲသာ အနိုင်ရရှိခဲ့ပြီး ပရီမီးယားလိဂ် အမှတ်ပေးဇယားမှာ တန်းဆင်းဇုန်ရဲ့ အထက်(၁)မှတ်အကွာနဲ့ ရပ်တည်နေပါတယ်။

မာ့ခ်ဟုခ်ျဟာ စတုတ်အသင်းကို (၄)နှစ်ခွဲကြာ ကိုင်တွယ်ခဲ့ပြီး လွန်ခဲ့တဲ့ ဇန်န၀ါရီမှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

ဆောက်သမ်တန်နည်းပြအဖြစ် မာ့ခ်ဟုခ်ျပထမဆုံးကိုင်တွယ်မယ့်ပွဲစဉ်ကတော့ တနင်္ဂနွေနေ့မှာ လိဂ်-၁ ကလပ် ၀ီဂန်နဲ့ ကစားမယ့် အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲပဲဖြစ်ပါတယ်။

-Ref; Sky sports