မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရေဘေးကူညီကယ်ဆယ်ရေးအတွက် အလှူငွေများ လှူဒါန်း

 

မအူပင် သြဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သည် ပါတီဝင်များနှင့် တွေ့ဆုံပွဲပြုလုပ်ပြီး ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းအတွက် ငွေလှူဒါန်းမှုက ယမန်နေ့ ည ၇ နာရီခွဲ တွင် မအူပင်မြို့နယ် အမှတ်(၁၂)ရပ်ကွက် မြို့သစ်(၈)လမ်းရှိ ရပ်/ကျေးပါတီကော်မတီ ဝင် ဦးမောင်မြင့်နေအိမ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် တာဝန်ရှိသူများက မိမိ တို့ပါတီ၏ လုပ်ဆောင်ခဲ့မှုများ၊ လက်ရှိ ဆောင်ရွက်နေသည့် အကြောင်းအရာများ၊ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ၊ လက်ရှိမြန်မာနိုင်ငံတော်တွင် ဖြစ်ပေါ်နေ သောအကြောင်းအရာများကိုတင်ပြဆွေးနွေး ပြီး တက်ရောက်လာသည့် ပါတီဝင်များမှ သိလို၍ မေးမြန်းမှုများကို ပြန်လည်ရှင်း လင်းဆွေးနွေးခြင်း၊ မွန်ပြည်နယ် ဘီးလင်း မြို့နယ် ရေဘေးသင့်ပြည်သူများအား ကူညီ ပေးမည့် ရွှေပြည်တော်သို့ဆုံမှတ်အဖွဲ့(မအူ ပင်)သို့ အလှူငွေကျပ် ၅ဝဝဝဝ လှူဒါန်း ခြင်းများဆောင်ရွက်ခဲ့သည်။ တွေ့ဆုံပွဲသို့ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် မအူပင် ခရိုင်တာဝန်ခံ ဦးသန်းထွန်း၊ မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ဘဏ္ဍာရေးမှူး ဒေါ်စမ်း စမ်းဝင်း၊ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးစောသောင်းဒန်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ အမှတ် (၁၂)ရပ်ကွက်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးကြည် သန်းနှင့် ကော်မတီဝင်များ၊ လူငယ်အဖွဲ့ဝင် များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပါတီ ဝင်များ စုစုပေါင်းအင်အား ၄၅ ဦး တက် ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)