ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍ Social Media On Job Training သင်တန်းဖွင့်လှစ်

13445537_394789384029528_2976094495300095923_n

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သည့် Social Media On Job Training သင်တန်းကို ကာမိုင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ဇွန် (၁၁) ရက်နေ့ နံနက် (၉) နာရီအချိန်က စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ဖားကန့်မြို့နယ် ပါတီအတွင်းရေးမှူး ဦးအင်ဖရောင်းဂမ်မှ အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး သင်တန်းကို သက်ဆိုင်ရာဘာသာရပ်အလိုက် ပြည်နယ်ပါတီကော်မတီဝင် ဦးညွန့်ဝင်းနှင့် သင်တန်းနည်းပြ ဦးမျိုးမင်းထွန်း (ပြည်ခိုင်ဖြိုး-ကချင်) မှ ပို့ချလျှက်ရှိသည်။

အဆိုပါသင်တန်းသို့ ဖားကန့်မြို့နယ်နှင့် ကာမိုင်းမြို့တို့မှ သင်တန်းသူ/သား စုစုပေါင်း အင်အား(၇၀)ဦး တက်ရောက် လျှက်ရှိပြီး သင်တန်းကာလမှာ ဇွန်လ(၁၃)ရက်နေ့ထိ ဖြစ်ကြောင်း သတင်းရရှိသည်။

Myo Min Tun


Leave a Reply