အနာဂတ်နိုင်ငံတော်အရေးဆွေးနွေးပွဲ ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်ကျင်းပ

 

ရန်ကုန် သြဂုတ် ၂

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ဦးဆောင်မှုဖြင့်ကျင်းပသော တတိယအကြိမ်မြောက် အနာဂတ်နိုင်ငံတော်အရေးဆွေးနွေး ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလင်းအောင်အောင်က အမှာစကားပြောခဲ့ပြီး ရွှေပြည်သာမြို့နယ်သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးတင်အောင်စိုး (နေလှိုင်မင်း) က ဦးဆောင်ဆွေးနွေး၍ မြို့နယ်သတင်းစာဆရာအသင်းအမှုဆောင်များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များက အပြန်အလှန်မေးခွန်းများ မေးမြန်းခြင်း၊ ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး မွန်းလွဲ ၃ နာရီ၁ဝမိနစ်တွင် အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။

ကိုမိုး(ရွှေပြည်သာ)