ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံဦးမြင့်စိုး ကသာခရိုင်နိုင်ငံရေးစီမံခန့်ခွဲမှု သင်တန်းသားများနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးသည် ယခုလ ၂၄ ရက် ညနေ ၅ နာရီတွင် ကသာခရိုင် ပင်လည်ဘူးမြို့နယ်မံ စီလေးကျေး ရွာတွင်ဖွင့်လှစ်သော ကသာခရိုင် နိုင်ငံရေး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် ၄/၂ဝ၁၇သင်တန်းသားများနှင့်တွေ့ဆုံကာ ပါတီစည်းရုံး ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ဗဟိုအလုပ် အမှုဆောင်တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့် တိုင်း ဒေသကြီးပါတီကော်မတီဝင်များ၊ ကသာခရိုင်ပါတီကော်မတီဝင်များ၊ ပင်လည်ဘူး          မြို့နယ်ပါတီကော်မတီ ဝင်များ၊နည်းပြဆရာများ၊သင်တန်း သား သင်တန်းသူများ၊ မံစီလေး ကျေးရွာ အမာခံပါတီ ဝင်များ စုစု ပေါင်းအင်အား ၁ဝဝ တက်ရောက် ကြသည်။ တွေ့ဆုံပွဲအခမ်းအနား တွင် ဗဟိုအလုပ်အမှုဆောင် တိုင်း ဒေသကြီးတာဝန်ခံ ဦးမြင့်စိုးက လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

စိမ်းနိုင်(ဝက်လက်)