မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပါတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

(၂၉.၆.၂၀၁၈)ရက်​​နေ့ နံနက်​(၀၉း၃၀)အချိန်​တွင်​ မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီရုံး အစည်းအ​ဝေးခန်းမ၌ တိုင်း​ဒေသကြီး/ခရိုင်​/မြို့နယ်​ပါတီများ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေး(၅/၂၀၁၈)ကျင်းပပြုလုပ်​ရာ မန္တ​လေးတိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​၊ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦး​အောင်​​ကျော်​မိုး၊ တိုင်း​ကော်​မတီဝင်​များ၊ ခရိုင်​/မြို့နယ်​များမှ ပါတီဥက္ကဋ္ဌများတက်​​ရောက်​ခဲ့ကြပြီး တိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​မှအဖွင့်​အမှာစကား​ပြောကြားခဲ့ပါသည်​။ ထို့​နောက်​ တိုင်း​ဒေသကြီး/ခရိုင်​/မြို့နယ်​များမှ ​ဆွေး​နွေးခဲ့ကြပြီး တိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌမှ နိဂုံးချုပ်​​ပြောကြားခဲ့ပါသည်​။