မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပါတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
(၂၉.၆.၂၀၁၈)ရက်နေ့ နံနက်(၀၉း၃၀)အချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပါတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၅/၂၀၁၈)ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းကော်မတီဝင်များ၊ ခရိုင်/မြို့နယ်များမှ ပါတီဥက္ကဋ္ဌများတက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်မှအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များမှ ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးပါတီဥက္ကဋ္ဌမှ နိဂုံးချုပ်ပြောကြားခဲ့ပါသည်။