ရန်ကုန်တောင်ပိုင်းခရိုင်ပါတီပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့ စည်းရေးနှင့် မျက်နှာစုံညီအစည်းအဝေးကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေးနှင့် မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင်လ (၃၀) ရက် နံနက် (၁ဝ) နာရီက သန်လျင်မြို့နယ်ရှိ တောင်ပိုင်းခရိုင် ရုံးခန်းမ၌ ကျင်းပသည်။

YGN South


အခမ်းအနားပထမပိုင်းတွင် သဘာပတိဦးစိန်တင်ဝင်း၊ တိုင်းဒေ သကြီး နာယကဦးတင်အောင်၊ နာယက ဦးတင်ဝင်း၊ ရွေးချယ်ရေး ကော်မတီနှင့်တိုင်းဒေသကြီး ကော် မတီဝင်ဦးအောင်မြင့်၊ ဒေါ်အေး အေးမိုးတို့က ဆောင်ရွက်သည်။ ပထမပိုင်းသဘာပတိဦးစိန်တင်ဝင်း က အမှာစကားပြောကြားရာတွင် မိမိတို့ကိုယ်ကျိုးမကြည့်ဘဲ ရွေး ချယ်ပေးကြရန်၊ ငါပါမှနိုင်ရမယ်၊ နေရာကြီးကြီးနေရမှ နိုင်ရမယ်ဆို တဲ့စိတ်မထားကြရန်မှာကြားသည်။

ထို့နောက် တောင်ပိုင်းခရိုင် ပါတီဝင်များ၏သားသမီးများထဲမှ ပညာရေးထူးချွန်ဆုနှင့်စာပေထူး ချွန်ဆုရသူများကို တိုင်းဒေသကြီး နာယကဦးခင်မောင်စိုး၊တိုင်းဒေသ ကြီးအတွင်းရေးမှူး ဦးသာဝင်းတို့ က ဂုဏ်ပြုမှတ်တမ်းများပေး အပ်သည်။
ခရိုင်ပါတီ၏ပါတီလုပ်ငန်းအစီ ရင်ခံစာကို ခရိုင်ကော်မတီဝင် ဦးအောင်ကျော်မင်းက ဖတ်ကြား သည်။ ပြီးနောက် ခရိုင်၊မြို့နယ် ကော်မတီဝင် ငါးဦးတို့က စာတမ်း များ ဖတ်ကြားဆွေးနွေးသည်။ ဖတ်ကြားဆွေးနွေးချက်များကို ခရိုင်အတွင်းရေးမှူးဦးလွင်ဦးက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။ သက်တမ်းကုန်ဆုံးသော ပါတီ ကော်မတီဝင်အဟောင်းများ နုတ် ထွက်ကြောင်း ကြေညာပြီးပထမ ပိုင်းအခမ်းအနားခေတ္တရပ်နားသည်။
ဒုတိယပိုင်းတွင်ခရိုင်ကော်မတီ အသစ်များပြန်လည်ရွေးချယ်ပွဲဆက် လက်ကျင်းပရာ သဘာပတိဗဟို ကော်မတီဝင် ဦးတင်အောင်က အမှာစကားပြောကြားသည်။

ထို့နောက် မဲပေးခွင့်ရရှိသော ၁ဝ မြို့နယ်မှ ကိုယ်စားလှယ်များ က ခရိုင်ကော်မတီဝင်နှင့်အရန် ကော်မတီဝင်များကို မဲစနစ်ဖြင့် ရွေးချယ်ရာ ဥက္ကဋ္ဌဦးလွင်ဦး၊ အတွင်းရေးမှူးဦးအောင်ကျော်မင်း၊ ဘဏ္ဍာရေးမှူး ဒေါ်မိုးမိုအိတို့ကို ရွေးချယ်သည်။ ရွေးချယ်ခံရသော ခရိုင်ပါတီကော်မတီဝင်အသစ်များ၊ အရန်ကော်မတီဝင်အသစ်များက သဘာပတိအဖွဲ့များ၏ရှေ့မှောက် တွင် ကတိသစ္စာပြုပြီး ခရိုင်ကော် မတီဥက္ကဋ္ဌသစ် ဦးလွင်ဦးက နှုတ် ခွန်းဆက်အမှာစကားပြောကြား သည်။ သဘာပတိကနိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအ နားသို့တက်ရောက်လာသော ပါတီ ဝင် ၁၂ဝ တို့က ကြွေးကြော်သံများ ဖြင့်ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

ဖိုးချို(ယူနီယံ)


Leave a Reply