ငါန်းဇွန်မြို့နယ် သောင်ပြင်ကျေးရွာ၌ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်သစ်တင်ပွဲကျင်းပ

 

ငါန်းဇွန် ဇွန် ၂၅

မန္တလေးတိုင်းဒေသကြီးမြင်းခြံ ခရိုင် ငါန်းဇွန်မြို့နယ် သောင်ပြင် ကျေးရွာအုပ်စု သောင်ပြင်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဝင်ဦးလှမြင့်နေအိမ် ၌ ယမန်နေ့ မွန်းလွဲ ၁နာရီက ပြည် ခိုင်ဖြိုးပါတီဆိုင်းဘုတ်သစ်တင်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးကျော်တင်၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကိုကို၊ အတွင်းရေးမှူးဦးစိုးနိုင် နှင့်ပါတီကော်မတီဝင်များ၊ကျေးရွာ အုပ်စုပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးခင် မောင်ဌေးတို့က ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်သစ်တင်ကြပြီး နံ့သာ ရည်များပက်ဖျန်းကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသောပါတီဝင်များ နှင့်အတူ ပါတီဆိုင်းဘုတ်သစ်တင် ပွဲအမှတ်တရဓာတ်ပုံများရိုက်ကြ ပြီး ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေး ကြကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)