ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ ပြည်ခိုင်ဖြိုးပါတီ မှ မိုးရာသီ ခြင်အန္တရယ်ကင်းဝေးစေရေး လုပ်ငန်း ဆောင်ရွက်

ရန်ကုန်၊လှည်းကူး၊ ဇွန် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ပြည်ခိုင်ဖြိုးပါတီဥဣဌဦးခင်မောင်စိုး ၏ လမ်းညွှန်ချက်များဖြင့် ရန်ကုန်တိုင်းပြည်ခိုင်ဖြိုး ပါတီကော်မတီဝင်ဦးထွန်းထွန်းဝင်း၊ လှည်းကူးခရိုင်ဥက္ကဋ္ဌဦးအောင်မျိုးနိုင်၊ခရိုင်စီမံကောင်စီ အဖွဲဝင် (၂) ဦးအောင်ဝင်းထူး၊ခရိုင်ကော်မတီဝင် ဦးအောင်မျိုးဦး ၊အင်းစိန်မြိုနယ်ပါတီဥဣဌ ဦးနေလင်းနှင့်အဖွဲ များသည်မိုးရာသီ ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် လှည်းကူးမြိုနယ် ၊အလံတပိုကျေးရွာအုပ်စု အထကစာသင်ကျောင်း၊ အင်းတိုင်ကျေးရွာအုပ်စု အထကစာသင်ကျောင်း များတွင် ရေမြောင်းများဖော်ပေးခြင်း၊ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊စာသင်ဆောင်များအတွင်းခြင်နိုင်ဆေးဖြန်းပေးခြင်း စသည်တိုကို ပြည်ခိုင်ဖြိုးပါတီဝင် အင်အား(၃၀)ဦးဖြင့် ဆောင်ရွက်ခဲ့ပြီး၊ကျေးရွာရှိရပ်မိရပ်ဖများ နှင့်ခင်မင်ရင်းနှီးစွာ တွေ့ဆုံကာ ဒေသဖွံဖြိုးရေးလုပ်ငန်းများ၊စာသင်ဆောင်လိုအပ်မှု အတွက် သက်ဆိုင်ရာသို တင်ပြတောင်းခံနိုင်ရေးကိစ္စ များကို ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
လှည်းကူးခရိုင်ပြည်ခိုင်ဖြိုးပါတီ မှ မိုးရာသီကျောင်းကျန်းမာရေးဆောင်ရွက်မှုများကို ရန်ကုန်တိုင်းဒေသကြီး ၊ပြည်ခိုင်ဖြိုးပါတီတိုင်းကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ ဥပဒေအကြံပေး ဦးထွန်းထွန်းဝင်းမှ ကိုယ်တိုင် လာရောက်အားပေးကာ အင်းတိုင်ကျေးရွာ အထကစာသင်ကျောင်း ကျောင်းအုပ်ဆရာမကြီး ထံသို အလှူငွေများပေးအပ်လှူဒါန်းခဲ့ပါသည်။လုပ်အားပေးဆောင်ရွက်ကြသော လှည်းကူးပြည်ခိုင်ဖြိုး အဖွဲ များကို အလံတပိုကျေးရွာနေဦးကျော်သူရနှင့်ဇနီး ဒေါ်ပပ မိသားစုများမှကြာဇံကြော်များဖြင့် ကျွေးမွေးဇည့်ခံကြောင်း သတင်းရရှိ ပါသည်။