မန္တလေးတိုင်းဒေသကြီး (ဒုတိယ)အကြိမ် ပါတီနှစ်စဉ်ကြေး စုပေါင်းပေးအပ် ပွဲပြုလုပ်

 

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ (ဒုတိယ)အကြိမ် ပါတီဝင်နှစ်စဉ်ကြေး စုပေါင်းပေးအပ်ပွဲကို ယနေ့ (၃၀-၃-၂၀၁၇) နံနက် (၀၉း၃၀)အချိန်တွင် ကျင်းပပြုလုပ်ရာ တိုင်ဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်နှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေး မှူးများ၊ မြို့နယ်ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး ပါတီဥက္ကဌမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပါတီဝင်ပေါင်း (၂၇၄၅၃) ဦးအတွက် ပါတီဝင် နှစ်စဉ်ကြေး (၁၃၇၂၆၅၀၀ိ/-) အား ခရိုင် ဘဏ္ဍာရေးမှူးများမှ တိုင်းဒေသကြီး ဘဏ္ဍာရေး မှူးထံသို့ ပေးအပ်ခဲ့ကြပြီး ပါတီဝင်နှစ်စဉ်ကြေး အများဆုံး ပေးသွင်းသည့် မလှိုင်မြို့နယ်အား တိုင်းဒေသကြီးပါတီမှ ဂုဏ်ပြုချီးမြှင့်ငွေ (၁၀၀၀၀၀ိ/-) အား ပေးအပ်ခဲ့ပါသည်။

# Zaw Aung Htet