သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး ပြည်ခိုင်ဖြိုးပါတီမှ ခြင်ဆေးမှုတ်ခြင်းဆောင်ရွက်

 

ရန်ကုန် ဇွန် ၂၅

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ် ကွေးရောဂါဖြစ်စေတတ်သော ခြင် ကျားကင်းစင်ခိုအောင်းပေါက်ဖွား နိုင်မှု မရှိစေရန် ကြိုတင်ကာကွယ် ခြင်ဆေးမှုတ်လုပ်ငန်းကို ယခုလ ၂၃ရက် နံနက် ၉နာရီမှ စတင်ကာ အမှတ်(၅ဝ)ရပ်ကွက် အမှတ်(၅) အခြေခံပညာမူလတန်းကျောင်းနှင့် အောင်မြေရတနာ စာသင်တိုက်တို့ တွင် ကျောင်းတွင်းကျောင်းပြင် ခြင် ဆေးမှုတ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ လုပ်ငန်းဆောင်ရွက် ရာသို့ မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဇော်၊ မြို့နယ်ပါတီကော် မတီဝင် ဦးဝင်းမင်းထွန်း၊ ဦးမြင့် ဦး၊ ဦးခင်ညွှန့်နှင့် ရပ်ကွက်ပါတီ ကော်မတီဥက္ကဋ္ဌများဖြစ်သော ဒေါ် ချိုချိုလှိုင်၊ ဦးစန်းဝင်း၊ ဦးတင်ဆန်း အောင်နှင့် ရပ်ကွက်ပါတီကော်မ တီဝင်များ၊ အမက(၅)ကျောင်းအုပ် ဆရာမကြီး ဒေါ်ရီရီခိုင်နှင့်ရပ်မိ ရပ်ဖများမှ ပူးပေါင်းပါဝင်ဆောင် ရွက်ခဲ့ကြသည်။

အဆိုပါ ခြင်ဆေးဖျန်းလုပ်ငန်း ဆောင်ရွက်မှုကို မြို့နယ်အတွင်း ရပ်ကွက်များ၊ အခြေခံပညာကျောင်း များသို့ အပတ်စဉ် တစ်ပတ်လျှင် နှစ်ရက် ဆောင်ရွက်လုပ်ကိုင်သွား မည်ဖြစ်ကြောင်း သိရသည်။

တင်ဆန်းအောင်