၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် သင်သတိမထားမိနိုင်သော အချက် (၁၀)ခု

(၁) ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတလျှောက် အိမ်ရှင်အဖြစ်လက်ခံ ကျင်းပခဲ့တဲ့ နိုင်ငံတွေထဲမှာ ရုရှားနိုင်ငံက အကြီးဆုံးဖြစ်ပြီး ကီလိုမီတာ (၁၇.၁)သန်းကျယ်ဝန်းပါတယ်။

(၂) ၂၀၁၈ပြိုင်ပွဲဝင် နိုင်ငံတွေထဲမှာ အိုက်စလန်ဟာ လူဦးရေ အနည်းဆုံးဖြစ်ပြီး (၃၃၅၀၀၀) ကျော်သာ ရှိပါတယ်။

(၃) အီတလီအသင်းဟာ နှစ်ပေါင်း (၆၀)အတွင်းမှာ ပထမဆုံးအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့တာပါ။

(၄) ကမ္ဘာ့ဖလားပြိုင်ပွဲကို ပရိသတ် (၃)သန်းဝန်းကျင် လာရောက်ကြည့်ရှုဖွယ်ရှိနေပါတယ်။

(၅) ဒီပြိုင်ပွဲအတွက် ရုရှားနိုင်ငံဟာ ဘောလုံးကွင်း (၁၂)ကွင်း အသစ်တည်ဆောက်ခဲ့ပါတယ်။

(၆) ကမ္ဘာ့ဖလား စတင်ကျင်းပတဲ့ (၁၉၃၀)ခုနှစ်ကနေစပြီး အကြိမ်တိုင်း ပါဝင်နိုင်ခဲ့တာ ဘရာဇီးတစ်သင်းပဲ ရှိပါတယ်။

(၇) ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကမ္ဘာတ၀န်း အသုံးပြုနိုင်တဲ့ လောင်းကစားငွေ ပမာဏဟာ ဒေါ်လာ သန်း(၁၀၀) အထက်မှာ ရှိနိုင်ပါတယ်။

(၈) ကမ္ဘာ့ဖလားပြိုင်ပွဲ လာကြည့်ချင်တဲ့ ပရိသတ်တွေအတွက် ရုရှားနိုင်ငံက ဗီဇာကင်းလွတ်ခွင့် ပြုပေးထား ပါတယ်။

(၉) ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ လိုဂိုအမှတ်တံဆိပ်ကို နိုင်ငံတကာအာကာသစခန်းမှာ ထုတ်ဖော်ပြသခဲ့ပါတယ်။

(၁၀) ဘောလုံးအသင်းတွေရဲ့ အ၀တ်လဲခန်းမှာ ဆေးလိပ်သောက်သုံးခြင်းကို ဖီဖာက တားမြစ်ပိတ်ပင် လိုက်ပါတယ်။

90Minutes