မက်ဆီအား နှစ်နှစ်စာချုပ်ဖြင့် ကမ်းလှမ်းရန် မန်စီးတီးစီစဉ်

မန်စီးတီးအသင်းသည် ဘာစီလိုနာတိုက်စစ်မှူးမက်ဆီအား နှစ်နှစ် စာချုပ်ဖြင့် ခေါ်ယူနိုင်ရန် ကြိုးစားနေကြောင်း သိရသည်။ မက်ဆီ သည် ဘာစီလိုနာမှ ထွက်ခွာခွင့်တောင်းထားသော်လည်း ပြီးခဲ့သော ရက်ပိုင်းအတွင်း လာလီဂါ အဖွဲ့ချုပ်မှ ၄င်း၏ စာချုပ်လျော်ကြေးမှာ အတည်ဖြစ်နေသေးကြောင်း ပြောကြားခဲ့ခြင်းကြောင့် ၄င်းကို ခေါ်ချင်သော အသင်းများမှာ အခက်တွေ့နေရသည်။

လက်ရှိတွင် မန်စီးတီး၏ ဘောလုံးဒါရိုက်တာဖြစ်သော ဘီဂီရီစတိန်းသည် ဆွေးနွေးမှုများပြုလုပ်ရန် ဘာစီလိုနာသို့ ရောက်ရှိနေသည်ဟု သိရသည်။ ၄င်းသည် ဘာစီလိုနာအသင်းနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေပြီဖြစ်ပြီး ကစားသမား၏ ပြောင်းရွှေ့ကြေးအတွက်နှစ်အလိုက် အရစ်ကျဖြင့်ပေးရန် ဆွေးနွေးနေသည်ဟု သိရသည်။ မန်စီးတီး နည်းပြ ဂွါဒီယိုလာသည်လည်း လက်ရှိတွင် ဘာစီလိုနာမြို့သို့ ရောက်ရှိနေပြီး ဘာစီလိုနာအသင်းနှင့် ၄င်းအကြား ရင်းနှီးသော ဆက်ဆံရေးကြောင့် ဆွေးနွေးမှုအဆင်ပြေမည်ဟု သိရသည်။ မက်ဆီ၏ စာချုပ်လျော်ကြေးမှာ ပေါင်သန်း  ၆၃ဝ အထိ ရှိနေသည်ဟု သိရသည်။   Ref; Dailymail