ဖီဖာအကောင်းဆုံးဆု ဆန်ခါတင်စာရင်းတွင် ပြင်သစ်ကစားသမား တစ်ဦးမျှမပါ၍ ဂရစ်ဇ်မန်း ဝေဖန်

ပြင်သစ်နှင့်အတူ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့သော အက်သလက်တီကို တိုက်စစ်မှူးအန်တို နီယိုဂရစ်ဇ်မန်းက ဖီဖာအကောင်းဆုံးဆု   ဆန်ခါတင်စာရင်းတွင် ပြင်သစ်ကစားသမား  တစ်ဦးမျှ မပါဝင်၍ ဝေဖန်ပြီး မိမိအနေဖြင့် ယင်းဆန်ခါတင်သုံးဦး စာရင်း၌ ပါဝင်သင့်သည်ဟု ပြောသည်။

ပြင်သစ်အသင်း ကမ္ဘာ့ဖလားရရှိအောင် အဓိကနေရာမှ ပါဝင်ကူညီခဲ့သော ဂရစ်ဇ်မန်းသည်   အက်သလက် တီကိုအတွက် ၃၃ ပွဲတွင် ၂၃ ဂိုးသွင်းပြီး ယူရိုပါလိဂ်ဖလားနှင့် စူပါဖလား ရရှိရန် ကူညီခဲ့သည်။ ၂၀၁၆ကလည်း ရော်နယ်ဒိုနှင့် မက်ဆီတို့နောက် တတိယနေရာ၌သာ ရှိခဲ့သည့် ဂရစ်ဇ်မန်းက ‘‘ကျွန်တော်ထိပ်ဆုံး သုံးယောက်ထဲမှာ ပါဖို့ ထိုက်တန်ပါတယ်’’ ဟု ဆိုသည်။

ကမ္ဘာ့ဖလားသည် ဖီဖာက ကျင်းပသော ပွဲဖြစ်ပြီး မိမိတို့ ဗိုလ်စွဲခဲ့သော်လည်း ယင်းဆုအတွက် ဆန်ခါတင် စာရင်းတွင် ပြင်သစ် ကစားသမားတစ်ဦးမျှ မပါဝင်ခြင်းမှာ ထူးဆန်းကြောင်း ဂရစ်ဇ် မန်းကပြောသည်။ ယင်းစာရင်းတွင် ပြင်သစ်လူငယ်ကြယ်ပွင့် မက်ဘီနှင့် အာဂျင်တီးနားတိုက် စစ်မှူးမက်ဆီတို့လည်း   မပါဝင်သဖြင့် ဝေဖန်မှုများ ထွက်ပေါ်နေ သည်။ ဖီဖာအကောင်းဆုံး ဆုအတွက် ဆန်ကာတင်စာရင်းတွင်  ရော်နယ်ဒို၊ မိုဒရစ်နှင့် ဆာလက် တို့ပါဝင်သည်။ 

-Ref; Goal