ဂရစ်ဇမန်းကိုချဉ်းကပ်ခဲ့မှုနဲ့ ဘာစီလိုနာအသင်း ကစားသမားသစ်ခေါ်ယူမှု ပိတ်ပင်ခံရဖွယ်ရှိနေ

ဘာစီလိုနာအသင်းဟာ အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်းကို တရားမ၀င်ချဉ်းကပ်ခဲ့မှုနဲ့ ပြောင်းအရွှေ့ ဈေးကွက် ၃ ခုဒါမှမဟုတ် ၅ ခုအထိပိတ်ပင်ခံရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမြူက ပြီးခဲ့တဲ့နှစ်အောက်တိုဘာလတုန်းက ဂရစ်ဇ်မန်း၊ သူ့အေးဂျင့်တို့နဲ့တွေ့ဆုံခဲ့တယ်လို့ မကြာသေးခင်က ဖွင့်ဟသွားပါတယ်။

ဖီဖာရဲ့စမည်းမျဉ်းအရ ကစားသမားတစ်ဦးကို စာချုပ်သက်တမ်းကုန်ရင် ဒါမှမဟုတ်စာချုပ် ၆ လကျန်တော့မှသာ အခြားကလပ်တစ်ခုက ဆွေးနွေးခွင့်ရှိတယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် ဖီဖာရဲ့စည်းမျဉ်းကို ချိုးဖောက်ရာကျတဲ့အတွက် ဘာစီလိုနာဟာဈေးကွက် ၃ ခုမဟုတ်ရင် ၅ ခုမှာ ကစားသမားသစ်ခေါ်ယူခွင့် ပိတ်ပင်ခံရနိုင်သလို ဂရစ်ဇ်မန်းဟာလည်း ပွဲကစားခွင့် ၆ လအထိ ပိတ်ပင်ခံရဖို့ရှိနေပါတယ်။ ဘာစီလိုနာဟာ ဂရစ်ဇ်မန်းကိုယူရိုသန်း ၁၀၀ နဲ့ခေါ်ဖို့ သဘောတူထားတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

90Minutes