နာမည်ကြီးနွားရိုင်းသတ်သူကို ဘော်ဒီဂတ်အဖြစ် စီရော်နယ်ဒိုငှားရမ်း

ပေါ်တူဂီအသင်းတိုက်စစ်မှူး စီရော်နယ်ဒိုဟာ နာမည်ကြီးနွားရိုင်းသတ်သူတစ်ဦးဖြစ်တဲ့ နူနိုမာရီကို့စ်ဆိုတဲ့ သူကို ကမ္ဘာ့ဖလားမှာ သူ့ရဲ့လုံခြုံရေးအတွက် ဘောဒီဂတ်အဖြစ်ငှားရမ်းလိုက်တယ်လို့ သိရပါတယ်။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုကို အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ ISIS ကကမ္ဘာ့ဖလားမှာ ခေါင်းဖြတ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

တန်ဝက်လောက်အလေးချိန်ရှိတဲ့ နွားရိုင်းတွေနဲ့ သတ်ပုတ်နေကြဖြစ်တဲ့ နူနိုဟာ လေထီးတပ်သားဟောင်း တစ်ဦး ဖြစ်သလို MMA တိုက်ခိုက်ရေးသမားတစ်ဦးလည်းဖြစ်ခဲ့ဖူးပါတယ်။

စီရော်နယ်ဒိုဟာ နွားရိုင်းသတ်ပွဲတွေအများကြီး ကြည့်ခဲ့ပြီး အဲဒီထဲကမှ အမာကျောဆုံးနဲ့ အသန်းဆုံးဖြစ်တဲ့ နူနိုကို ရွေးချယ်ခဲ့တာလို့ သူ့မိတ်ဆွေတစ်ဦးက ပြောသွားပါတယ်။

90Minutes