နေမာနှင့်မက်ဆီ တစ်ဂိုးသွင်းတိုင်း ကျောင်းသားတစ်သောင်းကို နေ့လယ်စာလှူဒါန်းမည့်အစီအစဉ် ဘရာဇီးနည်းပြ ဝေဖန်

ဘရာဇီးတိုက်စစ်မှူး နေမာ (သို့မဟုတ်) အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ၏ သွင်းဂိုးတစ်ဂိုးတိုင်း ကျောင်းသားဦး ရေ ၁၀,၀၀၀ အတွက် နေ့လယ်စာ လှူဒါန်းမည်ဟု ကြေညာခဲ့သည့် အမေရိကန် ကုမ္ပဏီ Mastercard ၏ အစီအစဉ်ကို ဘရာဇီးနည်းပြ တိုက်က ဝေဖန်ခဲ့ပြီး ယင်းသည်အသင်းလိုက် ကစားရသော အားကစားနည်းတွင် အထောက်အကူမဖြစ်ဟု ဆိုသည်။

နိုင်ငံ (သို့မဟုတ်) ကလပ်အ သင်းအတွက် မက်ဆီ (သို့မဟုတ်)နေမာ၏ သွင်းဂိုးတစ်ဂိုးတိုင်း ကျောင်းသားဦးရေ ၁၀,၀၀၀ အ တွက် နေ့လယ်စာကုန်ကျမည့် ငွေ ပမာဏကို ကုလသမဂ္ဂ၏ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် (WFP) သို့ လှူဒါန်းမည်ဟု ၂၀၁၂ က တည်းက ဘရာဇီးအသင်း၏ စပွန်ဆာများတွင် အဓိကပါဝင်သူ Mastercard ကုမ္ပဏီကပြီးခဲ့ သည့် သီတင်းပတ်တွင် ကြေညာ ခဲ့သည်။ ယင်းအစီအစဉ်သည် ၂၀၂၀ မတ်လအထိ ကြာမြင့်မည် ဖြစ်သည်။

‘‘Mastercard ခင်ဗျားကို ကျွန်တော် တစ်ခုခုပြောတော့မယ်။ ဒီလိုလှူဒါန်းမှုလုပ်တာက တော်တော် ကောင်းပါတယ်။ ဒါ ကလှပပြီး ကြီးကျယ်ပါတယ်၊ ဘရာဇီး ဒါမှမဟုတ် အာဂျင်တီးနား ကစားသမား ဘယ်သူဂိုးသွင်းသွင်း အစားအသောက်လှူဒါန်းရင် ပိုမကောင်းဘူးလား။ ကျွန်တော်တို့ဟာ အသင်းအဖွဲ့လိုက် အလုပ်လုပ်နေတာဖြစ်ပြီး အဲဒီအ စီအစဉ်က နည်းနည်းလေး အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ ဒါက ကျွန်တော်ရဲ့ ထင်မြင်ချက်ပါ’’ ဟု တိုက်က ပြောသည်။

ယင်းကစားသမား နှစ်ဦးစလုံးကို ထောက်ခံသော်လည်း လူမှုမီဒီယာတွင် ယင်းအစီအစဉ်ကို ဝေဖန်ခဲ့ပြီးနောက် တိုက်က ယင်း သို့ မှတ်ချက်ပေးပြောကြားသည်။

ကစားသမား နှစ်ဦးစလုံးသည် ယခုလ၌ကျင်းပမည့် ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲတွင် သက်ဆိုင်ရာနိုင်ငံကို ကိုယ်စားပြုကာ ဝင်ရောက်ကစားမည်ဖြစ်ပြီး ၎င်းတို့ ကစားသမားဘဝ ပထမဆုံး ကမ္ဘာ့ဖလားရရှိရေး ကြိုးစားမည် ဖြစ်သည်။

ဘရာဇီးက ဆွဇ်ဇာလန်၊ ကော်စတာရီကာ၊ ဆားဘီးယား နှင့် တစ်အုပ်စုတည်းကျရောက် နေပြီး အာဂျင်တီးနားက အိုက်စ လန်၊ နိုင်ဂျီးရီးယား၊ ခရိုအေးရှား နှင့် အုပ်စုပွဲစဉ်များ ကစားရမည် ဖြစ်သည်။     

—Ref:Reuters