အာဆင်နယ်နည်းပြကို အက်ဖ်အေက ပြစ်ဒဏ်ချမှတ်

အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီဟာ ဘရိုက်တန်နဲ့ပွဲတုန်းက ကွင်းဘေးစည်းအနီး ရေဗူးကို ဒေါသတကြီး ကန်ကျောက်ခဲ့တဲ့ လုပ်ရပ်ကြောင့် ပေါင်(၈၀၀၀)ဒဏ်တပ်ခံခဲ့ရပါတယ်။

ဘောက်ဆင်ဒေးပွဲစဉ်အဖြစ် ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့ပြီး အူနိုင်းအမ်မရီအနေနဲ့ သူ့လုပ်ရပ်အတွက် ရေဗူးထိမှန်ခဲ့တဲ့ ဘရိုက်တန်ပရိသတ်ကို ချက်ချင်းတောင်းပန် ခဲ့ပါတယ်။

ဒါ့အပြင် ပွဲအပြီး အင်တာဗျူးမှာလည်း တောင်းပန်စကား ဆိုခဲ့ပါတယ်။ ဒါပေမယ့် အက်ဖ်အေက သူ့အပြုအမူကို စွဲချက်တင်ခဲ့ အရေးယူခဲ့တာဖြစ်ပြီး အမ်မရီကိုယ်တိုင်ကလည်း ဒီပြစ်ဒဏ်ကို ကြည်ကြည်ဖြူဖြူနဲ့ လက်ခံခဲ့ ရပါတယ်။ 

-Ref: Skysports