ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်

ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ (၄) ရက်နံနက် (၉:၃၀) နာရီက မြောက်ဥက္ကလာပမြို့နယ်ခန်းမတွင် ပြုလုပ်ကြောင်း သိရှိရသည်။
အဆိုပါအခန်းအနားသို့ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးနှင့်ဒေါက်တာပွင့်ဆန်း၊ ပါတီဗဟိုကော်မတီဝင် တိုင်းပါတီအတွင်းရေးမှူး ဦးသာဝင်းနှင့်ဗဟိုကော်မတီဝင်များ၊ တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ် ပါတီဥက္ကဌများ မြိ့နယ်ကော်မတီဝင်များနှင့်ပါတီဝင်အင်အား (၁၀၀၀) ကျော် တက်ရောက်ကြသည်။

အစီအစဉ်အရ နိုင်ငံတော်သီချင်းသီဆို၍ အခန်းအနားဖွင့်လှစ်ပြီး အရှေ့ပိုင်းခရိုင် မြို့နယ်များမှ ပါတီဝင် အဆိုပြုလွှာ (၇၀၆) စောင်နှင့် ပါတီဝင်ကြေး (၇၀၆၀၀၀) ကျပ်ကို မြို့နယ်ပါတီဥက္ကဌများမှ တိုင်းပါတီဥက္ကဌ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးထံပေးအပ်သည်။ထို့နောက် တိုင်းပါတီနာယက ဦးမြင့်လွင်နှင် ပါတီဗဟို အလုပ်အမှုဆောင် ဦးခင်မောင်စိုးတို့မှ နှုတ်ခွန်းဆက်စကားပြောကြားသည်။

ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးမှ အမှာစကားပြောကြားရာတွင် ပါတီဝင်အသစ်များကို တွေ့ဆုံရသည့် အတွက် ဝမ်းမြောက်ပါကြောင်း၊ ပါတီဝင်အသစ်များထံ အိမ်တိုင်ရာရောက် လာရောက်တွေ့ဆုံလိုသော်လည်း အချိန်မရသည့်အတွက် ယခုလိုတွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီသည် (၁၉၉၃) အသင်းဘဝက စတင်ဖွဲ့စည်းစဉ်ကပင် ပြည်သူလူထုအခက်အခဲကို ဖြေရှင်းပေးရန်ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ပါတီဝင် များသည် လေ့ကျင့်ထားသည့်ပါတီဝင်များဖြစ်၍ အရည်အချင်းပြည့်မီသူများဖြစ်ကြောင်း၊ ပါတီ၏မူဝါဒသည် ပြည်ထောင်စုမပြိုကွဲရေးဖြစ်သည့်အတွက် ပြည်ခိုင်ဖြိုးပါတီသည် ပြည်ထောင်စုမပြိုကွဲစေရန် ထိမ်းသိမ်း စောင့်ရှောက်သွားမည့် အမာခံပါတီပင် ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင်နှင့်အဖွဲ့ဝင်များမှ ပါတီဝင်အသစ်များအား ရင်ထိုးတံဆိပ်များ တပ်ဆင်ပေး ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။

Myo Chit Thway