ရန်ကုန်(အရှေ့ပိုင်း)ခရိုင်ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ခရိုင် မြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရန်ကုန် မေ ၃၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်(အရှေ့ပိုင်း) ခရိုင်၊ ပါတီကော်မတီဝင်များသည် ခရိုင်စည်းရုံးရေးနယ်မြေအတွင်းရှိ မြို့နယ် ၁၄ မြို့နယ်မှ မြို့နယ်ပါတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များအား ယနေ့နံနက် ၉ နာရီက ခရိုင်ပါတီရုံး အစည်း အဝေးခန်းမဆောင်တွင် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ ကြောင်း သိရသည်။

အစည်းအဝေးသို့ တိုင်းဒေသ ကြီးပါတီကော်မတီဝင်ဦးတင်အောင် နှင့် ဒေါက်တာကျော်စိုး၊ ခရိုင်ပါတီ ဥက္ကဋ္ဌဦးစိန်မြင့်၊ အတွင်းရေးမှူး ဒေါ်ဇာခြည်လင်းနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ မြို့နယ် ၁၄ မြို့ နယ်မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ စုစုပေါင်း ၆ဝ တက်ရောက်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ပါတီကော်မတီဝင်ဦးတင်အောင်က အမှာစကားပြောကြားပြီး ပါတီ စည်းရုံးရေးဆောင်ရွက်နေမှု၊ အရှေ့ ပိုင်းခရိုင်မှ ပါတီဝင်အသစ်အဆိုပြု လွှာများ စုပေါင်းပေးအပ်ပွဲပြုလုပ် နိုင်ရေး၊ စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့အကျိုး ပြုလုပ်ငန်းများ ဆောင်ရွက်ရန်၊ ပြည်သူများအတွက် လတ်တလော တွင်ဖြစ်ပေါ်နေသော မိုးလေဝသ အခြေအနေအရ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စောင့်ကြည့်နေမှု၊ ဖြစ်ပေါ်လာပါက ပြည်သူများ အတွက် တုံ့ပြန်ကူညီဆောင်ရွက် ပေးနိုင်စေရန်အတွက် မြို့နယ် အလိုက် စီမံဆောင်ရွက်ထားရှိမှု များအား တိုင်းဒေသကြီး ပါတီ ကော်မတီဝင်များနှင့် ခရိုင်ပါတီ တာဝန်ရှိသူများက အသီးသီးဆွေး နွေးကြသည်။ ထို့နောက် တက် ရောက်လာကြသည့် မြို့နယ်များမှ မိမိတို့မြို့နယ်အလိုက် ပါတီစည်းရုံး ရေးဆိုင်ရာဆောင်ရွက်နေမှု၊ ပါတီ ဝင်အသစ်စည်းရုံးရရှိမှုနှင့် အဆိုပြု လွှာများပေးအပ်နိုင်ရေးစီစဉ်ဆောင် ရွက်နေမှု၊ ပြည်သူ့အကျိုးပြု လုပ် ငန်းများဆောင်ရွက်နေမှု၊ သဘာဝ ဘေးအန္တရာယ်ဖြစ်စဉ် စောင့်ကြည့် မှု၊ ကြိုတင်စီမံဆောင်ရွက်ထားရှိမှု များအား ရှင်းလင်းတင်ပြဆွေးနွေး ကြရာ တိုင်းဒေသကြီး ပါတီကော် မတီဝင်များနှင့် ခရိုင်တာဝန်ရှိသူ များက လိုအပ်ချက်များအား ဖြည့် စွက်အကြံပြုဆွေးနွေးပေးကြပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား နံနက် ၁ဝ နာရီခွဲတွင်ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။

စိုးမိုး(ဒဂုံ-အရှေ့)