ပြည်သူပိုင်စိုး ပြည်ခိုင်ဖြိုး

 

ပြည်သူပိုင်စိုး၊ ပြည်ခိုင်ဖြိုးမို့
အမျိုးသားရေး၊ ဦးစားပေးကာ
ဝေး နီး အတူ၊ ရွာမူ မြို့ပြ
ဒေသမခြား၊ မကွဲပြားဘဲ
အများပြည်သူ၊ မှန်းရည်မူသည့်
လူမှု စီးပွား၊ ဆန္ဒများပြင်
မျိုးသားရေးရာ၊ သာသနာနှင့်
ဘာသာ လူမျိုး၊ ဖွံ့ဖွံ့ဖြိုးအောင်
စွမ်းဆောင်စဉ်ဆက်၊ ဦးထိပ်ရွက်၍
တိုးတက်စေမည်၊ ဓိဋ္ဌာန်တည်
ပြည်ခိုင်ဖြိုးသည် များကျိုးရည်
ပြည်သူ့ပါတီ ပီပေသည်
တွဲလက်ညီညီ ရှေ့သို့ချီ
ငါတို့ ပါတီ အောင်ရမည်။

ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)