ဗဟိုအမျိုးသမီးညီလာခံကြိုဆို ခန္တီးခရိုင်ပြည်ခိုင်ဖြိုးပါတီ ခရိုင်ပြည်သူ့ဆေးရုံရှိလူနာများအား အာဟာရကျွေးမွေးလှူဒါန်း

 

ခန္တီး အောက်တိုဘာ ၁

၂ဝ၁၈ခုနှစ် ဗဟိုအမျိုးသမီးညီလာခံကို ထောက်ခံကြိုဆိုသောအားဖြင့် ယမန်နေ့မွန်း လွဲ ၁၂ နာရီခွဲတွင် ခန္တီးခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးအောင်ချစ်လွင်၊အတွင်းရေးမှူး ဒေါ်သီတာခင်၊မြို့နယ်ပါတီအတွင်းရေးမှူး ဦးကျော်မင်းဆွေ၊မြို့နယ်အမျိုးသမီးရေးရာ တာဝန်ခံဒေါ်မြင့်မြင့်ရွှေနှင့်ပါတီကော်မတီ ဝင်များလိုက်ပါ၍ ခရိုင်ပြည်သူ့ဆေးရုံကြီး မှ လူနာ ၃၈ ဦးအား ကြာဆံဟင်းခါးနှင့် ကိတ်မုန့်များကို အာဟာရဒါနကျွေးမွေးခဲ့ ကြောင်း သိရသည်။