အင်နီယေစတာကို ကြီးကျယ်ခမ်းနားစွာနဲ့ ဘာစီလိုနာ နှုတ်ဆက်

ဘာစီလိုနာအသင်းဟာ ကွင်းလယ်လူအင်နီယေစတာကို နောက်ဆုံးအနေနဲ့ ကြီးကျယ်ခမ်းနားစွာ နှုတ်ဆက်ခဲ့ ပါတယ်။ ဆိုစီဒက်နဲ့ပွဲမတိုင်ခင်မှာ ကွင်းထဲဝင်လာတဲ့သူ့ကို Guard of Honour နဲ့ကြိုဆိုခဲ့တဲ့အပြင် ပွဲအပြီးမှာ လည်း အသင်းဖော်တွေရဲ့ နှုတ်ဆက်မှုကို ရခဲ့ပါသေးတယ်။

နူးကမ်းကွင်းကြီးထဲမှာ လာလီဆုဖလားနဲ့ အောင်ပွဲခံမှုအပြင် အင်နီယေစတာကိုပါ နှုတ်ဆက်ခဲ့တဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ပါတယ်။ ၈၂ မိနစ်မှာသူလူစားလဲခံရတော့ ကွင်းထဲကထွက်ရာမှာ မျက်ရည်ကျလုနီးပါး ဖြစ်ခဲ့တာကိုလည်း တွေ့ကြရပါတယ်။

နှုတ်ဆက်စကားပြောရာမှာ မျက်ရည်ကျနေတဲ့ အင်နီယေစတာက သူ့နှလုံးသားဟာ ဘာစီလိုနာမှာဘဲ အမြဲရှိနေမှာလို့ ပြောသွားပါတယ်။ အင်နီယေစတာဟာ ဘာစီလိုနာမှာ ၂၂ ကြာရှိနေခဲ့သူဖြစ်ပါတယ်။

Ref; Sky sports