ဘာစီလိုနာအသင်းဝင်ငွေ တစ်ဒေါ်လာ တစ်ဘီလီယံကျော်သော ပထမဆုံးကလပ်ဖြစ်လာ

နှစ်စဉ်ဝင်ငွေကန် ဒေါ်လာ တစ်ဘီလီယံ ကျော်လွန်သော ပထမဆုံး အားကစားကလပ် ဖြစ်လာသည်ဟု ဘာစီလိုနာအသင်းက ကြေညာသည်။ လာလီဂါချန်ပီယံ ဘာစီလိုနာက ၎င်းတို့၏ နှစ်ချုပ်စာရင်းကို ထုတ်ပြန်ခဲ့ပြီး ၂၀၁၇- ၁၈ ဝင်ငွေ ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ကျော်လွန်ခဲ့သည်။ ငါးနှစ်ဆက်တိုက် စံချိန်တင် ဝင်ငွေရရှိခြင်းဖြစ်ကာ ရှစ်နှစ်ဆက်တိုက် အမြတ်ငွေ ရရှိခြင်းဖြစ်သည်။

ချန်ပီယံလိဂ်ရုပ်သံပြခွင့် ဝင်ငွေများ တိုးတက်ရရှိခြင်းနှင့် ဘရာဇီးတိုက်စစ်မှူး နေမာကို ပီအက်စ်ဂျီသို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးယူရို ၂၂၂ သန်းဖြင့် ရောင်းချခြင်းမှ ရရှိသော ငွေများကြောင့် ဝင်ငွေ များပြားခဲ့သည်ဟု ဘာကာ ကပြောကြားသည်။

ယခုရာသီအတွက် စံချိန်တင်ဘတ်ဂျက် ကန်ဒေါ်လာ ၁ ဒသမ ၁၀၅ ဘီလီယံကိုလည်း အသင်းက  ကြေညာခဲ့ပြီး ယင်းကို အောက်တိုဘာ ၂၀ ရက် အထွေထွေညီလာခံတွင် အတည်ပြုရမည်ဖြစ်သည်။ မိမိတို့၏ ကြွေးမြီ သည် ဇွန်လ ၃၀ ရက်အထိ ကန် ဒေါ်လာ ၁၈၁ ဒသမ ၃ သန်းရှိ သည်ဟု ဆိုသည်။ ဝင်ငွေတစ်ဘီလီယံကျော်သည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ၂၀၁၆-၁၇ ရာသီကထက် များစွာတိုးတက်လာသည်ဟု ဘာစီလိုနာအသင်းက ပြောသည်။ 

 —Ref: Forbes