မန္တ​လေးတိုင်း​ဒေသကြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး ​ရေးပါတီ လူငယ်​ညီလာခံအကြို လူငယ်​နှီး​နှောဖလှယ်​ပွဲ ကျင်းပ

 

မန္တ​လေးတိုင်း​ဒေသကြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး ​ရေးပါတီ လူငယ်​ညီလာခံအကြို လူငယ်​နှီး​နှောဖလှယ်​ပွဲအခမ်းအနားအား ယ​နေ့နံနက်​၉နာရီမှ မွန်းလွဲ၎နာရီအထိ တိုင်း​ဒေသကြီးပါတီရုံးခန်းမတွင်​ ကျင်းပခဲ့သည်​။
ယ​နေ့ပြုလုပ်​သည့်​ အခမ်းအနားကျင်းပရခြင်း ရည်​ရွယ်​ချက်​များမှာ နိုင်ငံရေးမျိုးဆက်သစ် လူငယ်များတိုးပွားရေး၊ေ တာင်သူလယ်သမား၊ လူငယ်၊ အလုပ်သမား လူငယ်နှင့် ဝန်းရံလူငယ်များအား စုစည်းရေး၊ လူငယ်အဖွဲ့အစည်းများ၊ CSO များပေါင်းစည်းမှု ကွန်ယက်ထူထောင်ရေး၊ လူငယ်စွမ်းအားမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ပညာရပ်ဆိုင်ရာနှင့် လူငယ်ကဏ္ဍမြင့်တင်ရေး၊ လူငယ်နှင့်ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေး၊ လူငယ်နှင့် သတင်းမီဒီယာကဏ္ဍတိုးတက်ရှင်သန်ဖွံ့ဖြိုးရေးတို့ဖြစ်​ကြောင်း သိရသည်​။
အခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဗဟိုအတိုင်​ပင်​ခံဦးရဲမြင့်​၊ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအလုပ်​အမှု​ဆောင်​များဖြစ်​ကြ​သော မန္တ​လေးတိုင်း​ဒေသကြီးပြည်​ခိုင်​ဖြိုးပါတီနယ်​​မြေတာဝန်​ခံ ဦးဝဏ္ဏ​မောင်​လွင်​၊မန္တ​လေးတိုင်း​ဒေသကြီးပြည်​ခိုင်​ဖြိုးပါတီ
ဥက္ကဋ္ဌဦးဝင်း​မောင်​နှင့်​​ဒေါက်​တာ​မောင်​သင်း၊ဗဟို​ကော်​မတီဝင်​ဒေါက်​တာနန္ဒာလှမြင့်​၊မန္တ​လေးတိုင်း​ဒေသကြီးပါတီတိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူးဦး​အောင်​​ကျော်​မိုးနှင့်​တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​များ၊တိုင်း​ဒေသကြီးပါတီ အတိုင်​ပင်​ခံအဖွဲ့ဝင်​များ၊မိတ်​ဖက်​ပါတီများမှ တာဝန်​ရှိသူများ၊ခရိုင်​နှင့်​မြို့နယ်​များမှ ပါတီဥက္ကဋ္ဌများ၊အတွင်း​ရေးမှူးများ၊​လူငယ်​​ရေးရာကဏ္ဏတာဝန်​ခံများ၊မြို့နယ်​(၂၈) မြို့နယ်​မှ လူငယ်​ကိုယ်​စားလှယ်​(၃၉၂)ဦးတို့အပါအဝင်​ စုစု​ပေါင်းအင်​အား(၅၅၀)ဦးတက်​​ရောက်​ခဲ့​ကြောင်း သိရသည်​။
အခမ်းအနားအား အစီအစဉ်​​လေးရပ်​ဖြင့်​ ကျင်းပသွားမည်​ ဖြစ်​ပြီး အစီအစဉ်​ပထမပိုင်းအဖြစ်​နိုင်​ငံ​တော်​အလံအား​အ​လေးပြုကာ နိုင်​ငံ​တော်​သီချင်း သီဆိုဖွင့်​လှစ်​၍ ပွဲကျင်းပနိုင်​ရန်​အတွက်​ သဘာပတိအဖြစ်​ ပါတီဗဟိုအလုပ်​အမှု​ဆောင်​ မန္တ​လေးတိုင်း​ဒေသကြီးပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးဝင်း​မောင်​က တာဝန်​ယူခဲ့ကာ သဘာပတိအဖွဲ့ဝင်​များအဖြစ်​ ပါတီဗဟိုအလုပ်​အမှု​ဆောင်​ဒေါက်​တာ​မောင်​သင်းနှင့်​တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူးဦး​အောင်​​ကျော်​မိုးတို့မှ တာဝန်​ယူ​ဆောင်​ရွက်​ခဲ့ကြသည်​။
အခမ်းအနားတွင်​ သဘာပတိ ဦးဝင်း​မောင်​မှ အဖွင့်​အမှစကား​ပြောကြားပြီး​နောက်​ ပါတီဗဟိုအလုပ်​အမှု​ဆောင်​ မန္တ​လေးတိုင်း​ဒေသကြီးပြည်​ခိုင်​ဖြိုးပါတီနယ်​​မြေတာဝန်​ခံ ဦးဝဏ္ဏ​မောင်​လွင်​မှ လမ်းညွှန်​အမှာစကား​ပြောကြား၍ မန္တ​လေးတိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ တိုင်း​ဒေသကြီး လူငယ်​​ရေးကဏ္ဏတာဝန်​ခံ​ဒေါ်သိင်္ဂီ​အောင်​မှ လူငယ်​ညီလာခံအကြို လူငယ်​နှီး​နှောဖလှယ်​ပွဲအခမ်းအနားကျင်းပရခြင်း နှင့်​ပတ်​သက်​၍ ရှင်းလင်း​ပြောကြားခဲ့ပြီး​နောက်​ သဘာပ တိအဖွဲ့မှ ပြန်​လည်​ထွက်​ခွာ၍ အစီအစဉ်​ ပထမပိုင်းပြီးဆုံးခဲ့သည်​။
ထို့​နောက်​ အစီအစဉ်​ဒုတိယပိုင်းအား ဆက်​လက်​ကျင်းခဲ့ရာအခမ်းအနားသို့တက်​​ရောက်​လာ​သော လူငယ်​ကိုယ်​စားလှယ်​များအ​နေဖြင့်​ (၁)နိုင်​ငံ​ရေးမျိုးဆက်​သစ်​၊(၂) လူငယ်​များနှင့်​ဝန်းရံလူငယ်​များ စုစည်းခြင်း(​တောင်​သူလယ်​သ မား လူငယ်​၊အလုပ်​သမားလူငယ်​)၊(၃)လူငယ်​များ ​ပေါင်း စည်းမှုကွန်​ယက်​(လူငယ်​အဖွဲ့အစည်းများ၊ CSOများ)၊(၄) လူငယ်​စွမ်းအားမြှင့်​တင်​​ရေးနှင့်​ဖွံ့ဖြိုးတိုးတက်​​ရေး၊(၅) လူငယ်​နှင့်​ပြည်​သူ့အကျိုးပြုလုပ်​ငန်းများ၊(၆) ပညာရပ်ဆိုင်​ရာနှင့်​လူငယ်​ကဏ္ဏမြှင့်​တင်​​ရေးနှင့်​(၇) လူငယ်​နှင့်​ သတင်း မီဒီယာကဏ္ဏ စ​သော​ခေါင်းစဉ်​(၇)ခုဖြင့်​ အစုအဖွဲ့(၇)ဖွဲ့ ခွဲ၍ ​ဆွေး​နွေးခြင်း၊မှတ်​တမ်းတင်​ခြင်းနှင်​စာတမ်းပြုစုခြင်းများကို အသီး​သီး​ဆောင်​ရွက်​ခဲ့ကြသည်​။
ဆက်​လက်​၍ အစီအစဉ်​တတိယပိုင်းကို ကျင်းပခဲ့ရာ နိုင်ငံရေးလှုပ်ရှားမှုအဖွဲ့ လူငယ်ကိုယ်စားလှယ် (၂၈)ဦး၊စည်းရုံးရေးလှုပ်ရှားမှုအဖွဲ့ လူငယ်ကိုယ်စားလှယ် (၂၈)ဦး၊လူမှုရေးလှုပ်ရှားမှု့အဖွဲ့ လူငယ်ကိုယ်စားလှယ် (၂၈)ဦးလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ လူငယ်ကိုယ်စားလှယ် (၂၈)ဦး၊ပူးပေါင်းလှုပ်ရှားမှုအဖွဲ့ လူငယ်ကိုယ်စားလှယ် (၂၈)ဦး၊ပညာရပ်ဆိုင်ရာလှုပ်ရှားမှုအဖွဲ့ လူငယ်ကိုယ်စားလှယ် (၂၈)ဦး၊သတင်းမီဒီယာအဖွဲ့ လူငယ်ကိုယ်စားလှယ် (၂၈)ဦးစသည့်​ အစုအဖွဲ့ (၇)ဖွဲ့မှ လူငယ်အဖွဲ့ဝင်များ (၁၉၆)ဦးတို့မှ ပါတီ ဗဟိုလူငယ်​ညီလာခံသို့တက်​​ရောက်​ရန်​အတွက်​ အစုအဖွဲ့တစ်​ဖွဲ့လျှင်​ တစ်​ဦးနှုန်းဖြင့်​ စုစု​ပေါင်း
လူငယ်​ကိုယ်​စားလှယ်​(၇)ဦးအား မိမိတို့သက်​ဆိုင်​ရာအစုအဖွဲ့အလိုက်​ ဆန္ဒမဲ​ပေး​ရွေးချယ်​ခဲ့ကြပြီး​နောက်​ ​ရွေးချယ်​ခံခဲ့ ရ​သော လူငယ်​ကိုယ်​စားလှယ်​(၇)ဦးမှ ခေါင်း​ဆောင်​နှင့်​ဒု​တိယခေါင်း​ဆောင်​တို့အား ဆန္ဒမဲ​ပေး​ရွေးချယ်​ခဲ့ကြသည်​။
ပြီး​နောက်​ အစီအစဉ်​စတုတ္ထပိုင်းကိုဆက်​လက်​ ကျင်းပခဲ့ ရာ သဘာပတိအဖွဲ့မှ ပြန်​လည်​​နေရာယူ၍ အစုအဖွဲ့ အလိုက်​ ​ဆွေး​နွေး​တွေ့ရှိချက်​စာတမ်းအား လူငယ်​ကိုယ်​စားလှယ်​များက ဖတ်​ကြားတင်းသွင်း၍ တိုင်း​ဒေသကြီးပါတီ လူငယ်​နှီး​နှောဖလှယ်​ပွဲ၏ ​တွေ့ရှိချက်​များ၊ဆုံးဖြတ်​ချက်​များ နှင့်​​ရှေ့လုပ်​ငန်းစဉ်​များကို ထုတ်​ပြန်​​ကြေညာခဲ့ကာ သဘာပတိမှ အစုအဖွဲ့အလိုက်​ ဖတ်​ကြားတင်​သွင်းခဲ့​သော စာတမ်းများအား မှတ်​တမ်းတင်​ခြင်းနှင့်​​ရှေ့လုပ်​ငန်းစဉ်​များအားအတည်​ပြုခြင်းတို့ကို ​ဆောင်​ရွက်​ခဲ့သည်​။
ထို့​နောက်​ သဘာပတိမှ နိဂုံးချုပ်​အမှာစကား ​ပြောကြား၍ သဘာပတိအဖွဲ့ပြန်​လည်​ထွက်​ခွာခဲ့ကာ ဒို့ပြည်​ခိုင်​ဖြိုးလူငယ်​​တေးသီချင်းအား ​ပျော်​ရွှင်​စွာသီဆို၍ အခမ်းအနား ပြီး ဆုံးခဲ့သည်​။

သုတ