ဘင်္ဂါလီအရေးအား ဦးစားပေးခြင်းကို လယ်ဝေးတွင် ကန့်ကွက်ရှုတ်ချပွဲ ကျင်းပ

 

နေပြည်တော် လယ်ဝေးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးဝင်း အတွင်း၌ တိုင်းရင်းသားများထက်ဘင်္ဂါလီ အရေးအားဦးစားပေးခြင်းကို ကန့်ကွက် ရှုတ်ချပွဲအား ယနေ့နံနက်ပိုင်းက ကျင်းပ ခဲ့သည်။
ရှုတ်ချပွဲတွင် ရခိုင်ပြည်နယ်၌ဖြစ်ပေါ် လျက်ရှိသော ဘင်္ဂါလီအရေးကိစ္စများနှင့် NVC (National Verification Card) ကတ်ကိုင်ဆောင်သူများ လွတ်လပ်စွာ သွားလာခွင့်ရပြီဟု ပြောကြားခဲ့မှုအပေါ် ဆွေးနွေးခဲ့ပေါ်ဦးကြပြီး အင်အား ၃ဝဝ ခန့်တက် ရောက်ခဲ့သည်။

အဆိုပါရှုတ်ချပွဲတွင် ဦးလှသိန်း က ”ယခုအခါ မြန်မာနိုင်ငံရဲ့ အနောက်တံခါးဖြစ်တဲ့ ရခိုင်ပြည် နယ်မှာ ခြံစည်းရိုးကျိုးပေါက်လို့ ရခိုင်ပြည်သူတွေသာမက နိုင်ငံသူ နိုင်ငံသားတွေပါ စိတ်ဒုက္ခနဲ့ရင်မ     အေးစရာတွေ ကြားသိနေပါတယ်။ အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ ဆို သကဲ့သို့ ရခိုင်ပြည်သူတွေဒုက္ခဟာ လည်း ကျွန်တော်တို့တိုင်းရင်းသား တွေဒုက္ခအန္တရာယ်ပါပဲ”ဟု ထည့် သွင်းပြောကြားခဲ့သည်။

ဦးမောင်သွင်မှလည်း NVC ကတ်ကိုင်ဆောင်သူများ လွတ်လပ် စွာသွားလာခွင့်ရပြီလို့ ပြောကြားခဲ့ မှုအပေါ်မှာ ပြည်ခိုင်ဖြိုးပါတီ၏ သဘောထားများနဲ့ ပါတီကဆက် လက်ဆောင်ရွက်သွားမည့်လုပ်ငန်း စဉ်များကို ဟောပြောရာတွင်ထည့် သွင်းပြောကြားခဲ့ပြီး အစိုးရကို ဆန့် ကျင်တဲ့အနေနဲ့ ဒီဟောပြောပွဲကိုပြု လုပ်ခြင်းမဟုတ်ဘဲ အနာဂတ်တွင် ဘင်္ဂါလီများ စိမ့်ဝင်ဝါးမျိုလာမည် ကို ပြည်သူတစ်ယောက်အနေဖြင့် စိုးရိမ်မိသဖြင့်အခုလို တင်ပြရခြင်း ဖြစ်ကြောင်း၊ NVC ကတ်ကိုင် ဆောင်သူများအား လွတ်လပ်စွာ သွားလာခွင့်ပြုခြင်းနှင့် ပတ်သက် ၍ ပြောကြားလိုပါတယ်။ ဧပြီ ၁၉ ရက်က သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ပြည်ထောင်စုဝန်ကြီး တစ်ဦးကNVC ကတ်ကိုင်ဆောင် သူများ(Free of movement)လွတ် လပ်စွာသွားလာခွင့် မြန်မာပြည် တွင်းမည်သည့်နေရာမဆို လွတ် လပ်စွာသွားလာခွင့်ပြုကြောင်းပြော ကြားခဲ့ရာမှစပြီး NVC ကတ် ဂယက်ထလာပါတယ်။ ဧပြီ ၂၅ ရက်ရောက်တော့ လဝကဝန်ကြီး က လွတ်လပ်စွာသွားလို့ရတယ်ဆို တာမဟုတ်ပါဘူး။မရပါဘူး။အရင် NVC ကတ်ထုတ်ပေးစဉ်ကတည်း က စည်းကမ်းအတိုင်းပဲ စိစစ်ပြီးမှ သွားလာခွင့်ပြုမှာပါလို့ ထပ်ရှင်းပါ တယ်။ အဲဒီအခါ အစပထမပြော ခဲ့တဲ့ဝန်ကြီးကလည်း သူပြောခဲ့တာ လည်း လဝကဝန်ကြီးပြောသလို ပါပဲဆိုပြန်တယ်ဟု ဆိုကြောင်း၊ ၄င်းဝန်ကြီးက မစ္စတာအာနန်ရဲ့Recommendation ကို Implement လုပ်တာဖြစ်ကြောင်း ပြော ကြားချက်နှင့် ပတ်သက်ဆွေးနွေး ပြောကြားခဲ့ပြီး အခမ်းအနားကို နံနက် ၈ နာရီ ၃၅ မိနစ်တွင်ပြီး ဆုံးခဲ့ကြောင်း သိရသည်။