မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ လူငယ်ညီလာခံအကြို လူငယ်နှီးနှောဖလှယ်ပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ လူငယ်ညီလာခံအကြို လူငယ်နှီးနှောဖလှယ်ပွဲအခမ်းအနားအား ယနေ့နံနက်၉နာရီမှ မွန်းလွဲ၎နာရီအထိ တိုင်းဒေသကြီးပါတီရုံးခန်းမတွင် ကျင်းပခဲ့သည်။
ယနေ့ပြုလုပ်သည့် အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်များမှာ နိုင်ငံရေးမျိုးဆက်သစ် လူငယ်များတိုးပွားရေး၊ေ တာင်သူလယ်သမား၊ လူငယ်၊ အလုပ်သမား လူငယ်နှင့် ဝန်းရံလူငယ်များအား စုစည်းရေး၊ လူငယ်အဖွဲ့အစည်းများ၊ CSO များပေါင်းစည်းမှု ကွန်ယက်ထူထောင်ရေး၊ လူငယ်စွမ်းအားမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ပညာရပ်ဆိုင်ရာနှင့် လူငယ်ကဏ္ဍမြင့်တင်ရေး၊ လူငယ်နှင့်ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေး၊ လူငယ်နှင့် သတင်းမီဒီယာကဏ္ဍတိုးတက်ရှင်သန်ဖွံ့ဖြိုးရေးတို့ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံဦးရဲမြင့်၊ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီနယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်၊မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ
ဥက္ကဋ္ဌဦးဝင်းမောင်နှင့်ဒေါက်တာမောင်သင်း၊ဗဟိုကော်မတီဝင်ဒေါက်တာနန္ဒာလှမြင့်၊မန္တလေးတိုင်းဒေသကြီးပါတီတိုင်းဒေသကြီးပါတီအတွင်းရေးမှူးဦးအောင်ကျော်မိုးနှင့်တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊တိုင်းဒေသကြီးပါတီ အတိုင်ပင်ခံအဖွဲ့ဝင်များ၊မိတ်ဖက်ပါတီများမှ တာဝန်ရှိသူများ၊ခရိုင်နှင့်မြို့နယ်များမှ ပါတီဥက္ကဋ္ဌများ၊အတွင်းရေးမှူးများ၊လူငယ်ရေးရာကဏ္ဏတာဝန်ခံများ၊မြို့နယ်(၂၈) မြို့နယ်မှ လူငယ်ကိုယ်စားလှယ်(၃၉၂)ဦးတို့အပါအဝင် စုစုပေါင်းအင်အား(၅၅၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားအား အစီအစဉ်လေးရပ်ဖြင့် ကျင်းပသွားမည် ဖြစ်ပြီး အစီအစဉ်ပထမပိုင်းအဖြစ်နိုင်ငံတော်အလံအားအလေးပြုကာ နိုင်ငံတော်သီချင်း သီဆိုဖွင့်လှစ်၍ ပွဲကျင်းပနိုင်ရန်အတွက် သဘာပတိအဖြစ် ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးဝင်းမောင်က တာဝန်ယူခဲ့ကာ သဘာပတိအဖွဲ့ဝင်များအဖြစ် ပါတီဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်းနှင့်တိုင်းဒေသကြီးပါတီအတွင်းရေးမှူးဦးအောင်ကျော်မိုးတို့မှ တာဝန်ယူဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားတွင် သဘာပတိ ဦးဝင်းမောင်မှ အဖွင့်အမှစကားပြောကြားပြီးနောက် ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီနယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်မှ လမ်းညွှန်အမှာစကားပြောကြား၍ မန္တလေးတိုင်းဒေသကြီးပါတီကော်မတီဝင် တိုင်းဒေသကြီး လူငယ်ရေးကဏ္ဏတာဝန်ခံဒေါ်သိင်္ဂီအောင်မှ လူငယ်ညီလာခံအကြို လူငယ်နှီးနှောဖလှယ်ပွဲအခမ်းအနားကျင်းပရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် သဘာပ တိအဖွဲ့မှ ပြန်လည်ထွက်ခွာ၍ အစီအစဉ် ပထမပိုင်းပြီးဆုံးခဲ့သည်။
ထို့နောက် အစီအစဉ်ဒုတိယပိုင်းအား ဆက်လက်ကျင်းခဲ့ရာအခမ်းအနားသို့တက်ရောက်လာသော လူငယ်ကိုယ်စားလှယ်များအနေဖြင့် (၁)နိုင်ငံရေးမျိုးဆက်သစ်၊(၂) လူငယ်များနှင့်ဝန်းရံလူငယ်များ စုစည်းခြင်း(တောင်သူလယ်သ မား လူငယ်၊အလုပ်သမားလူငယ်)၊(၃)လူငယ်များ ပေါင်း စည်းမှုကွန်ယက်(လူငယ်အဖွဲ့အစည်းများ၊ CSOများ)၊(၄) လူငယ်စွမ်းအားမြှင့်တင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး၊(၅) လူငယ်နှင့်ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊(၆) ပညာရပ်ဆိုင်ရာနှင့်လူငယ်ကဏ္ဏမြှင့်တင်ရေးနှင့်(၇) လူငယ်နှင့် သတင်း မီဒီယာကဏ္ဏ စသောခေါင်းစဉ်(၇)ခုဖြင့် အစုအဖွဲ့(၇)ဖွဲ့ ခွဲ၍ ဆွေးနွေးခြင်း၊မှတ်တမ်းတင်ခြင်းနှင်စာတမ်းပြုစုခြင်းများကို အသီးသီးဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ အစီအစဉ်တတိယပိုင်းကို ကျင်းပခဲ့ရာ နိုင်ငံရေးလှုပ်ရှားမှုအဖွဲ့ လူငယ်ကိုယ်စားလှယ် (၂၈)ဦး၊စည်းရုံးရေးလှုပ်ရှားမှုအဖွဲ့ လူငယ်ကိုယ်စားလှယ် (၂၈)ဦး၊လူမှုရေးလှုပ်ရှားမှု့အဖွဲ့ လူငယ်ကိုယ်စားလှယ် (၂၈)ဦးလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ လူငယ်ကိုယ်စားလှယ် (၂၈)ဦး၊ပူးပေါင်းလှုပ်ရှားမှုအဖွဲ့ လူငယ်ကိုယ်စားလှယ် (၂၈)ဦး၊ပညာရပ်ဆိုင်ရာလှုပ်ရှားမှုအဖွဲ့ လူငယ်ကိုယ်စားလှယ် (၂၈)ဦး၊သတင်းမီဒီယာအဖွဲ့ လူငယ်ကိုယ်စားလှယ် (၂၈)ဦးစသည့် အစုအဖွဲ့ (၇)ဖွဲ့မှ လူငယ်အဖွဲ့ဝင်များ (၁၉၆)ဦးတို့မှ ပါတီ ဗဟိုလူငယ်ညီလာခံသို့တက်ရောက်ရန်အတွက် အစုအဖွဲ့တစ်ဖွဲ့လျှင် တစ်ဦးနှုန်းဖြင့် စုစုပေါင်း
လူငယ်ကိုယ်စားလှယ်(၇)ဦးအား မိမိတို့သက်ဆိုင်ရာအစုအဖွဲ့အလိုက် ဆန္ဒမဲပေးရွေးချယ်ခဲ့ကြပြီးနောက် ရွေးချယ်ခံခဲ့ ရသော လူငယ်ကိုယ်စားလှယ်(၇)ဦးမှ ခေါင်းဆောင်နှင့်ဒုတိယခေါင်းဆောင်တို့အား ဆန္ဒမဲပေးရွေးချယ်ခဲ့ကြသည်။
ပြီးနောက် အစီအစဉ်စတုတ္ထပိုင်းကိုဆက်လက် ကျင်းပခဲ့ ရာ သဘာပတိအဖွဲ့မှ ပြန်လည်နေရာယူ၍ အစုအဖွဲ့ အလိုက် ဆွေးနွေးတွေ့ရှိချက်စာတမ်းအား လူငယ်ကိုယ်စားလှယ်များက ဖတ်ကြားတင်းသွင်း၍ တိုင်းဒေသကြီးပါတီ လူငယ်နှီးနှောဖလှယ်ပွဲ၏ တွေ့ရှိချက်များ၊ဆုံးဖြတ်ချက်များ နှင့်ရှေ့လုပ်ငန်းစဉ်များကို ထုတ်ပြန်ကြေညာခဲ့ကာ သဘာပတိမှ အစုအဖွဲ့အလိုက် ဖတ်ကြားတင်သွင်းခဲ့သော စာတမ်းများအား မှတ်တမ်းတင်ခြင်းနှင့်ရှေ့လုပ်ငန်းစဉ်များအားအတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထို့နောက် သဘာပတိမှ နိဂုံးချုပ်အမှာစကား ပြောကြား၍ သဘာပတိအဖွဲ့ပြန်လည်ထွက်ခွာခဲ့ကာ ဒို့ပြည်ခိုင်ဖြိုးလူငယ်တေးသီချင်းအား ပျော်ရွှင်စွာသီဆို၍ အခမ်းအနား ပြီး ဆုံးခဲ့သည်။
သုတ