ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအကြိုလူငယ်နှီးနှောဖလှယ်ပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံအကြို လူငယ်နှီးနှောဖလှယ်ပွဲကို တိုင်းဒေသကြီးပါတီရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီမှစတင်၍ ကျင်းပခဲ့သည်။
အခမ်းအနားတွင် သဘာပတိနှင့်သဘာပတိအဖွဲ့ဝင်များ နေရာယူပြီးနောက် နိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့သည်။ အခမ်းအနားတွင် သဘာပတိ အဖြစ် ဗဟိုကော်မတီဝင်ဦးသာဝင်း၊ အဖွဲ့ဝင်များဖြစ်ကြသော ဗဟိုကော်မတီဝင်ဒေါ်အေးမင်းမိုးနှင့် ခရိုင်ကော်မတီဝင်ဦးရန်နိုင်ရွှေတို့က ဆောင်ရွက်ကြသည်။
အစီအစဉ်အရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင်ရန်ကုန်တိုင်းဒေသ ကြီး တာဝန်ခံဦးခင်ရီက အဖွင့် အမှာစကားပြေကြားခဲ့ရာတွင်
”စွမ်းအင်ပြည့်ဝတဲ့လူငယ်တွေ ဖြစ်ဖို့၊ အနာဂတ်မှာပါတီကို ဦး ဆောင်ဖို့ဆိုတာက ခင်ဗျားတို့မှာ စွမ်းအင်တွေပြည့်ဖို့လိုတယ်။ ကုန် ကြမ်းတွေရှိဖို့လိုတယ်။ ယနေ့ပါတီ မှာ ဦးဆောင်လုပ်နေတဲ့လူကြီးပိုင်း တွေကအတွေ့အကြုံတွေရှိကြတယ်။ လူသားအရင်းအမြစ်တွေ အပြည့် ရှိကြတယ်။ အစိုးရအဖွဲ့ လွှတ်တော် တွေမှာ တာဝန်ထမ်းဆောင်ဖူးတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ နိုင်ငံတော် အဆင့် လွှတ်တော်တွေမှာ တာဝန် ထမ်းဆောင်ဖူးတဲ့ပုဂ္ဂိုလ်တွေရှိတယ်။ စသဖြင့်ပေါ့လေ။ ကာကွယ်ရေး နယ်ပယ်မှာကျွမ်းကျင်တဲ့သူ၊ စီးပွား ရေးနယ်ပယ်မှာ ကျွမ်းကျင်တဲ့သူ၊ နိုင်ငံရေးနယ်ပယ်မှာ ကျွမ်းကျင်တဲ့ သူ၊ တရားဥပဒေစိုးမိုးရေးနယ်ပယ် မှာကျွမ်းကျင်တဲ့သူ အဲ့ဒီလိုသူမျိုး တွေနဲ့ စုဖွဲ့ထားတဲ့ ပါတီမျိုးဖြစ် တယ်။ အဲဒီလူတွေရဲ့အတွေ့အကြုံ တွေကို လူငယ်တွေကို လက်ဆင့် ကမ်းမယ်။ လူငယ်တွေက အဲ့ဒီ ကုန်ကြမ်းတွေကိုယူပြီးတော့ ခင် ဗျားတို့မှာရှိတဲ့ တက်ကြွမှု၊ ပျိုမျစ် မှု၊ နုပျိုမှု၊ လျင်မြန်ဖျတ်လတ်မှု ဒါတွေနဲ့ပေါင်းစပ်ပြီးတော့ ထာဝရ ဦးဆောင်တဲ့ပါတီဖြစ်အောင်လုပ် ကြရမယ်။ ဒီနေရာ လူငယ်တွေဟာ အစားထိုးဝင်သွားမယ်။ အစားထိုး ဝင်သွားတဲ့လူငယ်တွေဟာ ရှေ့က ဦးဆောင်သူတွေရဲ့ အတွေ့အကြုံနဲ့ ခင်ဗျားတို့ရဲ့ ကြိုးစားအားထုတ်မှု ပေါင်းစပ်ပြီးတော့ ဖန်တီးဆောင် ရွက်သွားဖို့လိုတယ်”ဟုပြောသည်။
ယင်းနောက် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီဝင်ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး သဘာပတိ ဦးသာဝင်းက အမှာစကား ပြော ကြားသည်။
ထို့နောက် အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး လူငယ် တာဝန်ခံ ဒေါ်မိုးမိုးအိက လူငယ် နှီးနှောဖလှယ်ပွဲ အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အခမ်းအနားတွင် အစုအဖွဲ့အလိုက် စာတမ်းဖတ် ကြားတင်ပြကြသည်။ ၄င်းတို့တွင် တာမွေမြို့နယ်မှ လူငယ်တာဝန်ခံ ကိုအောင်သက်ဟန်က နိုင်ငံရေး မျိုးဆက်သစ်စာတမ်းကိုလည်း ကောင်း၊ အလုံမြို့နယ်မှ လူငယ် အဖွဲ့ဝင် မအိမို့မို့ကျော်က ပါတီလူ ငယ်များနှင့်ဝန်းရံလူငယ်စုစည်းခြင်း (တောင်သူလယ်သမား လူငယ်၊ အလုပ်သမားလူငယ်)စာတမ်းကို လည်းကောင်း၊ ဒလမြို့နယ်မှ လူငယ်တာဝန်ခံ ကိုဖြိုးမောင်မောင် က လူငယ်များပေါင်းစည်းမှု ကွန် ရက်(လူငယ်အဖွဲ့အစည်းများ) စာ တမ်းကိုလည်းကောင်း၊ သုံးခွမြို့ နယ်မှ လူငယ်တာဝန်ခံကိုရဲသီဟ က လူငယ်စွမ်းအားမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးစာတမ်းကိုလည်း ကောင်း၊ ရွှေပြည်သာမြို့နယ်မှ လူငယ်ကော်မတီဝင် မသူဇာခင် က လူငယ်နှင့်ပြည်သူအကျိုးပြု လုပ်ငန်းစာတမ်းကိုလည်းကောင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှ လူငယ်ကော်မတီဝင် ဒေါက်တာ ဇော်လင်းပြုံးက ပညာရပ်ဆိုင်ရာ လူငယ်ကဏ္ဍမြှင့်တင်ရေးစာတမ်း ကိုလည်းကောင်း၊ သာကေတမြို့ နယ်မှ တွဲဖက်လူငယ်တာဝန်ခံ ကိုတင်ထွန်းအောင်က လူငယ်နှင့် သတင်းမီဒီယာစာတမ်းကိုလည်း ကောင်း စသည်ဖြင့် စာတမ်းခုနစ် စောင်ကို ဖတ်ကြားတင်သွင်းသွား ကြသည်။
ထို့နောက် နံနက်ပိုင်းအစီအစဉ် အရ သဘာပတိနှင့်သဘာပတိအဖွဲ့ ဝင်များ ပြန်လည်ထွက်ခွာကြပြီး နောက် လူငယ်ကိုယ်စားလှယ်များ က လူငယ်တေးသီချင်းများသီဆို ၍ ခေတ္တရပ်နားခဲ့သည်။
အဆိုပါလူငယ်ညီလာခံအခမ်း အနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်း ရေးမှူးများဖြစ်သော ဦးပိုက်ထွေး၊ ဒေါက်တာစန်းစန်းနွယ်၊ဗဟိုအလုပ် အမှုဆောင်များဖြစ်ကြသော ဦးစိုး နိုင်၊ ဦးခင်ရီ၊ ဒေါက်တာပွင့်ဆန်း၊ ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ဗဟိုကော်မတီဝင် များ၊ တိုင်းဒေသကြီးပါတီနာယက များ၊ တိုင်းဒေသပါတီကော်မတီ ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်ခိုင်ဖြိုးပါတီ ခရိုင်၊ မြို့နယ်များမှ ဥက္ကဋ္ဌနှင့် လူငယ် တာဝန်ခံများ၊ တိုင်းဒေသကြီး၏ လူငယ်အကြိုညီလာခံကိုယ်စားလှယ် ၃ဝ၈ ဦးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များအပါအဝင် အင် အား ၅ဝဝ ကျော် တက်ရောက်ခဲ့ ကြောင်း သိရသည်။
ထို့နောက် မွန်းလွဲပိုင်း လူငယ် ညီလာခံအကြို လူငယ်နှီးနှော ဖလှယ်ပွဲ ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပခဲ့သည်။
အခမ်းအနားတွင် မွန်းလွဲပိုင်း၌် လူငယ်ညီလာခံအကြို လူငယ်နှီး နှောဖလှယ်ပွဲ ဒုတိယပိုင်းအစီအစဉ် ကိုဆက်လက်ကျင်းပရာ ရွေးချယ် ရေးကော်မတီနေရာယူပြီး ရွေးချယ် မည့် အစီအစဉ်များကို ရှင်းလင်း တင်ပြခဲ့သည်။ တက်ရောက်လာ သည့်ကိုယ်စားလှယ်လူငယ်လောင်း များက မိတ်ဆက်ခြင်းနှင့် အစုအဖွဲ့ အလိုက်ရွေးချယ်လိုသည့် လူငယ် ကိုယ်စားလှယ်ကို ဆန္ဒမဲပေးရွေး ချယ်ခဲ့သည်။
ဆက်လက်၍ ရွေးချယ်ခံရ သည့် လူငယ်ကိုယ်စားလှယ်များ အမည်စာရင်းကို ကြေညာခဲ့ပြီး နောက် သဘာပတိနှင့် သဘာပတိ အဖွဲ့ဝင်များနေရာယူသည်။ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုကော်မတီဝင်တိုင်းဒေသ ကြီးပါတီအတွင်းရေးမှူးသဘာပတိ ဦးသာဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး လူငယ်တေးသီချင်း သီဆို၍ အခမ်းအနားကိုအောင်မြင် စွာ ပြီးမြောက်ခဲ့သည်။