ကျောက်ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ဗဟိုအလုပ်အမှုဆောင်အစည်းဝေး (၂/၂၀၂၃)ရှေ့လုပ်ငန်း စဉ်များရှင်းလင်းပွဲကျင်းပ

ကျောက်ပန်တောင်း မတ် ၁

ကျောက်ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ သုံးလ တစ်ကြိမ် စုံညီအစည်းအဝေး(၂/၂၀၂၃)မှ ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ၊ မန္တလေးတိုင်းဒေသကြီး အတွင်းရေးမှုးဦးညွန့်ဆောင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ဦးအောင်နိူင်ဦး၊ ဦးတင့်လွင်ဦး၊ ဦးရွှေနန်း၊ ဒေါ်ဝါဝါလှိုင်၊ ဦးစန်းမြင့်၊ ညောင်ဦးခရိုင် ဥက္ကဌဒေါ်မြသန္တာဦး၊ အတွင်းရေးမှုးဦးတင်ဌေးနောင်နှင့် ကော်မတီဝင်များ၊ ညောင်ဦး၊ ကျောက်ပန်းတောင်းမြို့နယ်တို့မှ ဥက္ကဌ၊ အတွင်းရေးမှုးနှင့်ကော်မတီဝင်များ တက်ရောက်ခဲ့ပါသည်။ ရှင်းလင်းပွဲတွင် တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်က ပြည်ခိုင်ဖြိုးပါတီဗဟိုဌာနချုပ်တွင် ကျင်းပခဲ့သည့် ဗဟိုအလုပ် အမှုဆောင်ကော်မတီ သုံးလတစ်ကြိမ်စုံညီ အစည်းအဝေး(၂/၂၀၂၃)မှ ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ်များ၊ ပါတီအကြီးအကဲများ၏ လမ်းညွှန်မှာကြားချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ဦးအောင်နိူင်ဦး၊ ဦးတင့်လွင်ဦးတို့က ဒုတိယ(၃)လပတ်၊ ရက်(၉၀)စီမံချက်ပါအကောင်အထည် ဖော်ဆောင်ရွက်ရမည့် ကဏ္ဍအလိုက်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ၎င်းနောက် တက်ရောက် လာသူများက သိရှိလိုသည်များ မေးမြန်းမှုအပေါ် တိုင်းဒေသကြီးပါတီ အတွင်းရေးမှုး ဦးညွန့်ဆောင်က ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။