ဖြူးမြိုနယ်တွင် လူငယ်စကားဝိုင်းဆွေးနွေးပွဲနှင့် အမျိုးသမီးရေးရာဆွေးနွေးပွဲ ကျင်းပပြုလုပ်

ဖြူး မတ် ၂

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်ပါတီရုံးတွင် တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ တိုင်းဒေသကြီး တာဝန်ရှိသူများနှင့် မြို့နယ်ပါတီကော်မတီဝင်များ လူငယ်နှင့် အမျိုးသမီးများ တက်ရောက်ဆွေးနွေးခဲ့သည်။

ရှေးဦးစွာတိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်နိုင်မှ ပါတီ၏လှုပ်ရှားဆောင်ရွှက်နေမှုအခြေအနေများ ပါတီဝင်စာရင်းများ စီစစ်ဆောင်ရွှက်ထားရှိနေမှု ၊ ဗဟိုပါတီ ၊ တိုင်းပါတီဥက္ကဌများ၏ လုပ်ငန်းလမ်းညွန်ချက်များ ၊ ပါတီဝင်များ၏လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အသေးစိတ်ဆွေးနွေးချပြရှင်းလင်းခဲ့သည်။ အစီစဉ်အရတိုင်းပါတီ၏ လူငယ်တာဝန်ခံဒေါက်တာသန့်ဇော်လွင်မှ လူငယ်ရေးကဏ္ဍနှင့်ပက်သက်၍ အသေးစိတ်ဆွေးနွေးခဲ့ပြီး ပထမဆုံး မဲဆန္ဒပေးမည့် First Time Voter များ ၊ ပါတီကင်းကွာလူငယ်များ ၊ လူမှုပရဟိတအသင်းမှလူငယ်များအား “လူငယ်နှင့်နိုင်ငံ့အရေး” ၊ အမျိုးသမီးရေးရာ တာဝန်ခံဒေါ်ခင်ခင်ဝင်းမှ “အမျိုးသမီးကဏ္ဍနှင့်ပါတီ၏အနာဂတ်” စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများ ပြန်လည်မေးမြန်းခြင်း ၊ဆွေးနွေးခြင်း ၊ အကြံပြခြင်းများအား ဆောင်ရွက်ခဲ့သည်။ မေးမြန်း ၊ ဆွေးနွေးချက်၊ အကြံပြုချက်များအား ပါတီတာဝန်ရှိသူများမှ ပြန်လည်ပေါင်းစပ် ညှိနှိင်းဆောင်ရွှက်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များအားချမှတ် ဆုံးဖြတ်နိုင်ခဲ့သည်။