ဖာဂူဆန်နဲ့ပတ်သက်လို့ ဆရာဝန်တွေ သတိပေး

မန်ယူနည်းပြဟောင်း ဖာဂူဆန်ရဲ့ ကျန်းမာရေး ရေရှည်တည်ငြိမ်ဖို့အတွက် လာမယ့်သီတင်းပတ်တွေက အဆုံးအဖြတ်ပဲလို့ ဆရာဝန်တွေက ပြောလိုက်ပါတယ်။

အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ဖာဂူဆန်ဟာ ပြီးခဲ့တဲ့စနေနေ့က ဆဲလ်ဖို့ဒ်ရွိုင်ရယ်ဆေးရုံမှာ ဦးနှောက်ကို အရေးပေါ် ခွဲစိတ်ကုသခံထားရတာပါ။ သူ့အခြေအနေဟာ တည်ငြိမ်နေပြီဖြစ်ပေမယ့် လာမယ့် ၄၈နာရီအထိတော့ ဆက်လက် စောင့်ကြည့်ရဦးမယ်လို့လည်း ဆိုပါတယ်။

ဦးနှောက်နဲ့ အာရုံကြောကျွမ်းကျင်သူ ဆရာဝန်ကြီးတွေကတော့ ဖာဂူဆန်ရဲ့ ရေရှည်ကျန်းမာရေး တည်ငြိမ်မှု အတွက် လာမယ့်သီတင်းပတ်အနည်းငယ်ကဆုံးဖြတ်ပေးမယ်လို့ပြောထားပါတယ်။

ဖာဂူဆန်ဟာနေအိမ်မှာမူးလဲပြီးနောက် ဦးနှောက်သွေးယိုစီးမှုဖြစ်ခဲ့လို့ ခွဲစိတ်ကုသခံခဲ့ရတာပါ။ ဒီလိုဝေဒနာ ခံစားရသူတွေမှာ အသက်ဆုံးရှုံးနှုန်းက ၅ ဦးမှာ တစ်ဦးရှိပြီး ပြန်ကောင်းလာရင်လည်း စကားမပြောနိုင်တာ၊ မသန်မစွမ်းဖြစ်သွားတာတွေမျိုး ဖြစ်နိုင်တယ်လို့ သိရပါတယ်။

-Ref; Sky sports