ဒလမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မီးဘေးသင့်မိသားစုများအား ဆန်အိတ်နှင့်ဆီပုံးများပေးအပ်လှူဒါန်း

 

ဒလမြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်များစုပေါင်း၍ မီးဘေးသင့်မိသားစုများအား ဆန်အိတ်နှင့်စား သုံးဆီပုံးများကို ယမန်နေ့ ညနေ ၄ နာရီခွဲက ယာယီကယ်ဆယ်         ရေးစခန်းဖွင့်လှစ်ထားသည့် ကျန် စစ်သားရပ်ကွက် မြဝတီမင်းကြီး လမ်းရှိ”သာသနာ့ဝေပုလ္လ” ဆွမ်း လောင်းဓမ္မာရုံ၌ ပေးအပ်လှူဒါန်း ခဲ့သည်။

မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းနိုင်၊ မြို့နယ်ပါတီကော်မတီ ဝင် ဦးသန်းလှိုင်နှင့် ကျန်စစ်သား ရပ်ကွက် ပါတီစည်းရုံးရေးမှူး ဦးဇော်နိုင်တို့က ယာယီကယ်ဆယ် ရေးစခန်းတာဝန်ခံရပ်ကွက်     အုပ်ချုပ် ရေးမှူးနှင့်တကွ ဆန်အိတ် ခြောက် အိတ်နှင့် စားသုံးဆီ နှစ်ပိဿာဝင် ပုံး ခြောက်ပုံးတို့ကို မီးဘေးသင့်ခံ ခဲ့ရသော မိသားစုခြောက်စုတို့အား မိသားစု တစ်စုချင်းအလိုက် လက် ဝယ်ပေးအပ်    လှူဒါန်းခဲ့ကြသည်။

ဒလမြို့နယ် ကျန်စစ်သားရပ် ကွက် ရာဇသင်္ကြန်လမ်း၌ ယခုလ ၃ ရက် ညသန်းခေါင် ၁၂ နာရီခန့် က ဒေါ်ခင်ဌေးနွယ်နေအိမ်မှ မီး ကြွင်းမီးကျန်မှတစ်ဆင့် မီးလောင် မှုဖြစ်ပွားရာ နေအိမ်ခြောက်လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး မိသားစုဝင် ခြောက်စုမှ မီးဘေးသင့်ပြည်သူ စုစုပေါင်း ၄၈ ဦးရှိကြောင်းနှင့် အဆိုပါယာယီကယ်ဆယ်ရေးစခန်း ဆွမ်းလောင်းဓမ္မာရုံ၌ မီးဘေးသင့် ပြည်သူများအတွက် လာရောက် ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း သိရသည်။

Union daily