အမရပူရမြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာရှစ်ရွာမှ အိမ်ထောင်စု ၈၂ဝ အား ပြည်ခိုင်ဖြိုး ပါတီမှ ခေါက်ဆွဲခြောက်နှင့် ရေသန့်များ လှူဒါန်း

ဧရာဝတီမြစ်ရေတက်လာမှု ကြောင့် ရေဝင်ရောက်ကာ ရေဘေး ဒဏ်ခံစားခဲ့ရသည့် အမရပူရမြို့ နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာ ရှစ်ရွာမှ အိမ်ထောင်စု ၈၂ဝ အား အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက သြဂုတ် (၁) ရက် မွန်းလွဲ ၃ နာရီတွင် ရွာများ အရောက်ပေးအပ်လှူဒါန်းခဲ့သည်။

ရေဘေးသင့်ကျေးရွာများအား သွားရောက်လှူဒါန်းရာသို့ မန္တလေး ခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင်အတွင်းရေးမှူး ဦးကျော်စန်းနှင့်ခရိုင်ပါတီ ကော် မတီဝင်များ၊ အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်း ထွန်းဦး၊ မြို့နယ်အတွင်းရေးမှူး ဒေါ်စောမြိုင်နှင့် မြို့နယ်ပါတီကော် မတီဝင်များ၊ပါတီဝင်များ လိုက်ပါခဲ့ကာ ရေဘေးသင့်ကျေးရွာများမှ ဒေသခံများအား အားပေးစကား ပြောကြားခြင်းနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းများကို ဆောင် ရွက်ခဲ့ကြသည်။

”စားဖို့အစားအစာနဲ့ သောက်ဖို့ ရေသန့်လာလှူပေးတဲ့ ပြည်ခိုင်ဖြိုး ပါတီကိုလည်း ကျေးဇူး တင်ပါတယ်။ ကျွန်တော်တို့မှာ ခုလိုရေတက်တဲ့ အချိန်မှာ သောက်သုံးရေ အခက်အခဲတွေ အများကြီးရှိပါတယ်။ သောက်သုံးရေကို များများလာလှူ ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ရေဘေးသင့်ကျေးရွာမှ ပြည်သူတစ်ဦးက ပြောသည်။

အမရပူရမြို့နယ်ပြည်ခိုင်ဖြိုး ပါတီက ယနေ့သွားရောက်လှူဒါန်း ခဲ့သော ကျေးရွာများမှာ သူငယ် တော်၊ လက်ပန်တင်၊ ပန်းချီ၊ ဆင်ရွာမြင်မှူး၊ ကမ္ဘဲ့၊ ရေကြည် ပေါက်၊ စားတော်နှင့် မြစ်တူးကျေး ရွာတို့ဖြစ်ကြပြီး ယခုလ ၂ရက်နှင့် ၃ ရက်တို့တွင် မြို့နယ်အတွင်းရှိ အခြား ကျေးရွာ ၁၇ ရွာမှ အိမ်ထောင်စု ၁၇၆ဝ အား ကျေးရွာများအရောက် ပေးအပ်လှူဒါန်း သွားမည်ဖြစ်ပြီး လှူဒါန်းမှု စုစု ပေါင်းတန်ဖိုး ၁၈သိန်းခန့်ရှိကြောင်း သိရသည်။

သုတ


Leave a Reply