ဖြူးမြို့နယ်တွင် ရပ် /ကျေးအုပ်ချုပ်ရေးမှူးများ စွမ်းရည်မြှင့် သင်တန်းဖွင့်

 

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပသော ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ စွမ်းရည်မြှင့်သင်တန်းအမှတ်စဉ် (၁/၂ဝ၁၈)ဖွင့်ပွဲ အခမ်းအနားကို       ယမန်နေ့နံနက် ၉ နာရီက ဖြူးမြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်း အဝေးခန်းမတွင်ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင် ရာဘာသာရပ်များအတွက် သင်တန်းပို့ချပေးမည့် ဌာနဆိုင်ရာအကြီး အကဲများနှင့် မြို့ပေါ်ရပ်ကွက်ပေါင်း ၁၈ ရပ်ကွက် ကျေးရွာအုပ် စုပေါင်း ၅၈ အုပ်စုမှသင်တန်းတက်ရောက်မည့် အုပ်ချုပ်ရေးမှူး များ တက်ရောက်ခဲ့ကြသည်။

ဆက်လက်၍သင်တန်းပို့ချမှုကိုစတင်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေး မှူးဦးသိန်းဇော်ဦးက’စိတ်ဓာတ်တိုးတက်မြင့်မားရေး’ ခေါင်းစဉ် ဖြင့်ပို့ချခဲ့ပြီး မြို့နယ်ဥပဒေအရာရှိနှင့် မြို့နယ်မီးသတ်ဦးစီးမှူးတို့က       လည်းဘာသာရပ်ဆိုင်ရာများကို ပို့ချပေးခဲ့သည်။ သင်တန်းကာလ မှာ ယမန်နေ့မှ ယခုလ ၁၇ ရက်အထိဖြစ်ပြီး သင်တန်းသား အရေအတွက်မှာ အသစ်ရွေးချယ်တင်မြှောက်ခြင်းခံရသော အုပ်ချုပ်      ရေးမှူးအသစ် ၂၇ ဦးနှင့်ပြန်လည်ရွေးချယ်ခံကြရသော မူလ အုပ်ချုပ်ရေးမှူးဟောင်း ၄၉ဦး စုစုပေါင်း ၇၆ ဦး ဖြစ်ကြောင်း သိရသည်။

ကျော်ဆွေဝင်း(ရွှေအင်း)