ေပ်ာ္ဘြယ္ၿမိဳ႕၊ ယင္းေတာ္မင္းေက်ာင္းတိုက္တြင္ က်င္းပျပဳလုပ္သည့္ ကထိန္အလႈေတာ္ မဂၤလာအခမ္းအနားသို ျပည္ခိုင္ၿဖိဳးပါတီမွ တက္ေရာက္ၾကည္ညိဳလႉဒါန္း

ေပ်ာ္ဘြယ္ နိုဝင္ဘာ ၂၀

၂၀-၁၁-၂၀၂၃ ရက္ေန႔ ၀၉:၀၀ အခ်ိန္တြင္ ေပ်ာ္ဘြယ္ၿမိဳနယ္၊ယင္းေတာ္ေက်းရြာ၊သံလ်င္ေတာရ ယင္းေတာ္မင္းေက်ာင္း၊ဂုဏပူဇာ ဓမၼာ႐ုံႀကီး၌ ၂၃ႀကိမ္ေျမာက္ မဟာဘုံကထိန္ အလႈေတာ္မဂၤလာ အခမ္းအနား က်င္းပျပဳလုပ္ခဲ့ပါသည္။
အခမ္းအနားသို႔ ယင္းေတာ္မင္းေက်ာင္းတိုက္၊ပဓာနနာယကဆရာေတာ္ ဟိေတသီေနလ အရွင္ဏိပုလ အမႈးျပဳေသာ ဆရာေတာ္၊သံဃာေတာ္မ်ား ႂကြေရာက္ေတာ္မူၿပီး ဧည့္ပရိတ္သတ္မ်ားက ဆရာေတာ္ ဦးကဝိထံမွ ရွစ္ပါးသီလ ခံယူေဆာက္တည္ခဲ့ၾကပါသည္။၎ေနာက္ အလႈရွင္မ်ားက ဆရာေတာ္၊သံဃာေတာ္မ်ားအား ကထိန္လ်ာသကၤန္းႏွင့္လႈဖြယ္ ဝတၳဳပစၥည္းမ်ား ဆက္ကပ္လႈဒါန္းခဲ့ၾကၿပီး ဆရာေတာ္ ဦးကဝိထံမွ ကထိန္တရားေတာ္ႏွင့္ေရစက္ခ်တရား နာယူၾကည္ညိဳကာ လႉဒါန္းမႈ အစုစုအတြက္ ေရစက္သြန္းခ် အမၽွအတန္း ေပးေဝခဲ့ၾကပါသည္။
ယေန႔ က်င္းပျပဳလုပ္သည့္ ကထိန္ေတာ္တြင္ ျပည္ခိုင္ၿဖိဳးပါတီ၊ဗဟိုအေထြေထြအတြင္းေရးမႈး၊သီရိပ်ံခ်ီ ဦးေသာင္းေအး+သီဟသုဓမၼသိဂႌ ေဒါက္တာေဒၚသင္းမ်ိဳးမ်ိဳးေအာင္ႏွင့္ တပည့္မ်ားမွ လႉဒါန္းေငြ ၇၅သိန္းက်ပ္ အပါအဝင္ အလႉရွင္ ၁၂ဦးမွ စုစုေပါင္း အလႈေငြ ၇၈၃၄၀၀၀၀ က်ပ္ လႈဒါန္းခဲ့ၾကၿပီး အခမ္းအနားတြင္ ဆရာေတာ္၊သံဃာေတာ္၊သီလရွင္အပါး ၇၀ အား တစ္ပါးလ်င္ နဝကမၼ ၁သိန္းက်ပ္စီ၊သကၤန္းဒြိစုံႏွင့္လႈဖြယ္ပစၥည္းမ်ား၊သံလ်င္ၿမိဳ၊သံလ်င္ေတာရတြင္ တည္ထားကိုးကြယ္မည့္ ဓာတ္ႀကီးေလးပါး ေစတီေတာ္အတြက္ အလႉေငြ သိန္း ၅၀၊နတ္ေမာက္ၿမိဳ၊ေရႊနတ္ကယ္ေတာင္ သာသနာျပဳ လုပ္ငန္းအတြက္ ၂၅သိန္း၊ေပ်ာ္ဘြယ္ၿမိဳ၊ျမက်ိဳင္းေတာင္ သာသနာျပဳ လုပ္ငန္းအတြက္ ၂၅သိန္း၊ယင္းေတာ္မင္းေက်ာင္း ဆြမ္းစား စတီးစားပြဲ ၄၅လုံးအတြက္ ၁၀၈သိန္းက်ပ္တို လႉဒါန္းခဲ့ပါသည္။
ယေန႔ က်င္းပျပဳလုပ္သည့္ ကထိန္အလႉေတာ္ မဂၤလာအခမ္းအနားသို ယင္းေတာ္မင္းေက်ာင္းတိုက္ရွိ သီလရွင္မ်ား၊အလႈရွင္မ်ား၊ဆရာေတာ္၏ တပည့္ ဒကာ၊ဒကာမမ်ား၊ဖိတ္ၾကားထားေသာ ဧည့္သည္ေတာ္မ်ား၊ဘာသာေရး အသင္းအဖြဲမ်ား တက္ေရာက္ခဲ့ၿပီး ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအလုပ္အမႈေဆာင္၊မႏၲေလးတိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုးႏွင့္ဇနီး ေဒၚခ်ယ္ရီစိုးသိန္း၊တိုင္းေဒသႀကီးပါတီအတြင္းေရးမႈး ဦးညြန္႔ေဆာင္ႏွင့္ဇနီး ေဒၚေမႊးေမႊး၊တိုင္းေဒသႀကီးပါတီ ဘ႑ာေရးမႈး ေဒၚသိဂႌေအာင္၊တိုင္းေဒသႀကီးပါတီေကာ္မတီဝင္ ေဒၚသန္းသန္းေအး၊ေပ်ာ္ဘြယ္ၿမိဳနယ္ ျပည္ခိုင္ၿဖိဳးပါတီဥကၠဌ ဦးေအာင္နိူင္ညြန္႔ႏွင့္ေကာ္မတီဝင္မ်ား၊ပါတီဝင္မ်ား တက္ေရာက္ခဲ့ပါသည္။

=================

ပျော်ဘွယ်မြို့၊ ယင်းတော်မင်းကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည့် ကထိန်အလှုတော် မင်္ဂလာအခမ်းအနားသို ပြည်ခိုင်ဖြိုးပါတီမှ တက်ရောက်ကြည်ညိုလှူဒါန်း

ပျော်ဘွယ် နိုဝင်ဘာ ၂၀

၂၀-၁၁-၂၀၂၃ ရက်နေ့ ၀၉:၀၀ အချိန်တွင် ပျော်ဘွယ်မြိုနယ်၊ယင်းတော်ကျေးရွာ၊သံလျင်တောရ ယင်းတော်မင်းကျောင်း၊ဂုဏပူဇာ ဓမ္မာရုံကြီး၌ ၂၃ကြိမ်မြောက် မဟာဘုံကထိန် အလှုတော်မင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ယင်းတော်မင်းကျောင်းတိုက်၊ပဓာနနာယကဆရာတော် ဟိတေသီနေလ အရှင်ဏိပုလ အမှုးပြုသော ဆရာတော်၊သံဃာတော်များ ကြွရောက်တော်မူပြီး ဧည့်ပရိတ်သတ်များက ဆရာတော် ဦးကဝိထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ခဲ့ကြပါသည်။၎င်းနောက် အလှုရှင်များက ဆရာတော်၊သံဃာတော်များအား ကထိန်လျာသင်္ကန်းနှင့်လှုဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှုဒါန်းခဲ့ကြပြီး ဆရာတော် ဦးကဝိထံမှ ကထိန်တရားတော်နှင့်ရေစက်ချတရား နာယူကြည်ညိုကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှအတန်း ပေးဝေခဲ့ကြပါသည်။
ယနေ့ ကျင်းပပြုလုပ်သည့် ကထိန်တော်တွင် ပြည်ခိုင်ဖြိုးပါတီ၊ဗဟိုအထွေထွေအတွင်းရေးမှုး၊သီရိပျံချီ ဦးသောင်းအေး+သီဟသုဓမ္မသိင်္ဂီ ဒေါက်တာဒေါ်သင်းမျိုးမျိုးအောင်နှင့် တပည့်များမှ လှူဒါန်းငွေ ၇၅သိန်းကျပ် အပါအဝင် အလှူရှင် ၁၂ဦးမှ စုစုပေါင်း အလှုငွေ ၇၈၃၄၀၀၀၀ ကျပ် လှုဒါန်းခဲ့ကြပြီး အခမ်းအနားတွင် ဆရာတော်၊သံဃာတော်၊သီလရှင်အပါး ၇၀ အား တစ်ပါးလျင် နဝကမ္မ ၁သိန်းကျပ်စီ၊သင်္ကန်းဒွိစုံနှင့်လှုဖွယ်ပစ္စည်းများ၊သံလျင်မြို၊သံလျင်တောရတွင် တည်ထားကိုးကွယ်မည့် ဓာတ်ကြီးလေးပါး စေတီတော်အတွက် အလှူငွေ သိန်း ၅၀၊နတ်မောက်မြို၊ရွှေနတ်ကယ်တောင် သာသနာပြု လုပ်ငန်းအတွက် ၂၅သိန်း၊ပျော်ဘွယ်မြို၊မြကျိုင်းတောင် သာသနာပြု လုပ်ငန်းအတွက် ၂၅သိန်း၊ယင်းတော်မင်းကျောင်း ဆွမ်းစား စတီးစားပွဲ ၄၅လုံးအတွက် ၁၀၈သိန်းကျပ်တို လှူဒါန်းခဲ့ပါသည်။
ယနေ့ ကျင်းပပြုလုပ်သည့် ကထိန်အလှူတော် မင်္ဂလာအခမ်းအနားသို ယင်းတော်မင်းကျောင်းတိုက်ရှိ သီလရှင်များ၊အလှုရှင်များ၊ဆရာတော်၏ တပည့် ဒကာ၊ဒကာမများ၊ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ဘာသာရေး အသင်းအဖွဲများ တက်ရောက်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးနှင့်ဇနီး ဒေါ်ချယ်ရီစိုးသိန်း၊တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်နှင့်ဇနီး ဒေါ်မွှေးမွှေး၊တိုင်းဒေသကြီးပါတီ ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်၊တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သန်းသန်းအေး၊ပျော်ဘွယ်မြိုနယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအောင်နိူင်ညွန့်နှင့်ကော်မတီဝင်များ၊ပါတီဝင်များ တက်ရောက်ခဲ့ပါသည်။