ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး

 

လွိုင်ကော်၊ နိုဝင်ဘာ ၁၄

ယနေ့ ၁၄ – ၁၁ – ၂၀၁၈ ရက်နေ့နံနက် (၁၀း၀၀) နာရီမှ နေ့လည (၁၂း၃၀) နာရီအချိန်အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်အမျိုးသမီးရေးရာညီလာခံ ကျင်းပနိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းတွင်ကျင်းပပြီး ပြည်နယ်အမျိုးသမီးရေးရာညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေး ပါတီလုပ်ငန်းဆောင်ရွက်ချက်များ၊ ရှေ့ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ အသေးစိတ် ဆွေးနွေးပါသည်။
ပထမဦးစွာ ယင်းအစည်းအဝေးသို့ (ဗဟိုအလုပ်အမှုဆောင်) ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်းက အဖွင့်အမှာစကားပြောကြားသွားပါသည်။
ဆက်လက်ပြီး တက်ရောက်လာကြသော တာဝန်ရှိသူအသီးသီးက ပြည်နယ်အမျိုးသမီးရေးရာညီလာခံ အောင်မြင် စွာ ကျင်းပနိုင်ရေး ပါတီလုပ်ငန်းဆောင်ရွက်ချက်များ၊ ရှေ့ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား အသေးစိတ် အပြန်အလှန် တင်ပြဆွေးနွေးကြပြီး ပြည်နယ်ပါတီဥက္ကဌမှ နိဂုံးချုပ်အမှာစကားပြောကြားသွားပါ သည်။
ယင်းအစည်းအဝေးသို့ ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း ဗဟိုကော်မတီဝင် ဦးလူရယ်ဖိုးလူ နှင့် ဦးကိုရယ် ပြည်နယ်ပါတီနာယက ဦးတောရယ် နှင့် ဦးခီးရယ် ပြည်နယ် ယာယီအတွင်းရေးမှူး ဦးကျော်မြင့် ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးတင်ဦး၊ ဦးဌေးရယ်၊ ဦးကျော်သင်း၊ ဦးမော်ရယ်၊ ဦးရဲဝင်း ဦးအောင်နိုင်ဦး ဒေါ်မော်မော်ခိုင်၊ ဒေါ်ဗျားမြာမောင်၊ ဒေါ်ဒေါရစ်လေးနှင့် ဒေါ်နန်းယဉ် သီတာထွေး၊ လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမောင်ရွှေ၊ လွိုင်ကော်မြို့နယ် မြို့နယ်ကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နှင်းနှင်းရီတို့ တက်ရောက်ကြောင်း သတင်းရရှိသည်။

ထာဝရ မြေချစ်သူ