ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုး မြို့နယ်ကော်မတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးခင်မောင်စိုးနှင့် တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်မှ ကော်မတီဝင်များ ယနေ့ နံနက် ၉နာရီမှ မွန်းလွဲ ၃ နာရီ အထိ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီရုံးတွင် တွေ့ဆုံခဲ့ကြသည်။

ယင်းတွေ့ဆုံပွဲသို့ တိုင်းဒေသ ကြီးပါတီကော်မတီအတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးသာဝင်း၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးကျော်စိုးနှင့် မြို့နယ်ပါတီမှ ကော်မတီဝင်များ တက်ရောက်ကြ သည်။

အစီအစဉ်အရ ဗဟိုအလုပ် အမှုဆောင် တိုင်းဒေသကြီး ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုးက ယနေ့ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက် နေကြသည့် ပါတီဝင်များသည် ပါတီ၏စီမံခန့်ခွဲရေးနှင့် သတင်းမှန် ပြန်ကြားရေးလုပ်ငန်းများ ဆောင် ရွက်ရမည့်သူများဖြစ်သဖြင့် ကြိုး စားလေ့လာကြစေလိုကြောင်းပြော ကြားခဲ့ပြီး တက်ရောက်လာသည့် ကော်မတီဝင်များက ပြန်လည်ဆွေး နွေးခဲ့ကြကြောင်း သိရ သည်။

ထိန်ဝင်း(YGN)