မိုင်းခတ်​မြို့နယ်​ ပါတီအဆိုပြုလွှာ​ပေးအပ်​ခြင်းနှင့်​ ရှမ်း​ရှေ့နယ်​​မြေတာဝန်​ခံ ဦးစိုးနိုင်​နှင့်​​တွေ့ဆုံပွဲ

ရှမ်းပြည်​နယ်​ (အ​ရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ ​ရောက်​ရှိ​နေ​သော ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ဗဟို​ကော်​မတီဝင် ​(ရှမ်း/​ရှေ့) နယ်​​မြေတာဝန်​ခံ (ဗဟိုလုပ်​ငန်းစီစစ်​​ရေး​ကော်​မတီဥက္ကဌ) ဦးစိုးနိုင်​၊ ရှမ်းပြည်​နယ်​ပါတီ
ဒုဥက္ကဌ၊ ပြည်​နယ်​အတွင်း​ရေးမှူးနှင့်​အဖွဲ့သည်​ (၆.၁.၂၀၁၇) ရက်​​နေ့တွင်​ မိုင်းခတ်​မြို့နယ်​သို့ သွား​ရောက်​ခဲ့ပြီး မိုင်းခတ်​မြို့နယ်​ရှိ လွတ်​​တော်​ကိုယ်​စားလှယ်​များ၊ မြို့နယ်​ဥက္ကဌနှင့်​ ​ကော်​မတီဝင်​များအား မိုင်းခတ်​မြို့နယ် ပြည်ခိုင်​ဖြိုးပါတီရုံးတွင်​ ပါတီ​ကော်​မတီဝင်​များမှ ပါတီအဆိုပြုလွှာ​ပေးအပ်​ခြင်း၊​​ ကော်​မတီဝင်​များနှင့်​​တွေ့ဆုံ၍​ ရေးရာအလိုက်လုပ်​ငန်း​ဆောင်​ရွက်​ချက်​များ ​ဆွေး​နွေး တင်​ပြခြင်းနှင့်​ ပါတီ၏​ရှေ့လုပ်​ငန်းစဉ်​များအား ညှိနိုင်း​ဆွေး​နွေးခဲ့ကြ​ကြောင်း သိရှိရပါသည်​ ။