မိုင်းခတ်မြို့နယ် ပါတီအဆိုပြုလွှာပေးအပ်ခြင်းနှင့် ရှမ်းရှေ့နယ်မြေတာဝန်ခံ ဦးစိုးနိုင်နှင့်တွေ့ဆုံပွဲ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင် (ရှမ်း/ရှေ့) နယ်မြေတာဝန်ခံ (ဗဟိုလုပ်ငန်းစီစစ်ရေးကော်မတီဥက္ကဌ) ဦးစိုးနိုင်၊ ရှမ်းပြည်နယ်ပါတီ
ဒုဥက္ကဌ၊ ပြည်နယ်အတွင်းရေးမှူးနှင့်အဖွဲ့သည် (၆.၁.၂၀၁၇) ရက်နေ့တွင် မိုင်းခတ်မြို့နယ်သို့ သွားရောက်ခဲ့ပြီး မိုင်းခတ်မြို့နယ်ရှိ လွတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ဥက္ကဌနှင့် ကော်မတီဝင်များအား မိုင်းခတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပါတီကော်မတီဝင်များမှ ပါတီအဆိုပြုလွှာပေးအပ်ခြင်း၊ ကော်မတီဝင်များနှင့်တွေ့ဆုံ၍ ရေးရာအလိုက်လုပ်ငန်းဆောင်ရွက်ချက်များ ဆွေးနွေး တင်ပြခြင်းနှင့် ပါတီ၏ရှေ့လုပ်ငန်းစဉ်များအား ညှိနိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည် ။