မော်လမြိုင်ကျွန်းမြို့နယ် အမှတ် (၁၂) ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီ ပါတီဆိုင်းဘုတ်အသစ်တင်ပွဲ အခမ်းအနားကျင်းပ

 

၅.၉.၂၀၁၈ နေ့ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ်(၁၂) ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီ ပါတီဆိုင်းဘုတ်အသစ်တင်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ( ၉:၀၀) နာရီအချိန်မှာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုနောက်တွင် ခရိုင်/မြို့နယ် EC များ၊ ရပ်ကွက်ပါတီကော်မတီဝင်များ၊ လူငယ်အဖွဲ့ဝင်များ တွေ့ဆုံ၍ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ၊ လက်ရှိ နိုင်ငံတော်၏အခြေအနေများ၊ မိမိတို့ပါတီ၏ ပြည်သူ့အကျိုးပြု ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အခမ်းအနားကို နေ့လည် ( ၁၂:း၀၀) နာရီမှာ ရုတ်သိမ်းခဲ့ပါသည်။
အခမ်းအနားကို ခရိုင်ကော်မတီဝင် ဦးချစ်သိန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်အောင်၊ မြို့နယ်ပါတီဘဏ္ဍာရေးမှူး ဦးသောင်းဦးနှင့် မြို့နယ်ကော်မတီဝင်များ အရန်မြို့နယ်ကော်မတီဝင်များ ၊ ရပ်ကွက်ပါတီကော်မတီဝင်များနှင့် ပါတီလူငယ်များ တက်ရောက်ခဲ့ကြပါသည်။