ကလောပြည်ခိုင်ဖြိုး ကင်းထောက်လူငယ်များအတွက် ကင်းထောက်ဝတ်စုံများ လှူဒါန်း

ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အောက်တိုဘာ (၂၅) ရက် နံနက်ပိုင်းက အ.ထ.က(၂)ကျောင်းရှိ ကင်းထောက်လူငယ်များအား ကင်းထောက်ဝတ်စုံများ သွားရောက်လှူဒါန်းခဲ့သည်။

kalaw2

အဆိုပါလှူဒါန်းပွဲကို ကလောမြို့ အ.ထ.က(၂)ကျောင်း တေဇခန်းမဆောင်၌ နံနက် (၉)နာရီမှ (၁၀)နာရီအထိ ကျင်းပခဲ့ပြီး အခမ်းအနားသို့ ကလောမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ကလော မြို့နယ် ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ကင်းထောက်လူငယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

# Zaw Zaw Win (Kalaw)


Leave a Reply