မြစ်ကြီးနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ခရစ္စမတ် ဆုတောင်းပွဲတက်ရောက်

(မြစ်ကြီးနား)

မြစ်​ကြီးနားမြို့ တပ်​ကုန်းရပ်​ကွက်​ ချန်းမူးအသင်း​တော်​အ​ခြေပြု “ချန်းမူး” မူးယစ်​ကင်းစင်​​ရေး​ဂေဟာ၌ ကျင်းပပြုလုပ်​​သော ခရစ္စမတ်​​ကျေးဇူး​တော်​ ချီးမွမ်းဝတ်​ပြုကိုးကွယ်​ခြင်း အစီအစဉ်​ကို (၂၁-၁၂-၂၀၁၇) ရက်​​နေ့ ​နေ့လည်​ (၂း၀၀) နာရီအချိန်က “ချန်းမူး´´ မူးယစ်​ကင်းစင်​​ရေး​ဂေဟာ၌ ကျင်းပပြုလုပ်​ရာ မြို့နယ်​ပြည်​ခိုင်​ဖြိုး ပါတီဥက္ကဌ ဦးညွန့်​ဝင်း တက်​​ရောက်​ပြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဌ ဦးသန်း​ဌေး ​ပေးပို့သည့်​ ခရစ္စမတ်​ဆု​တောင်းပွဲသ၀ဏ်​လွှာအား ဖတ်​ကြားခဲ့ပါသည်​။

ခရစ္စမတ်​ဆု​တောင်းပွဲကို အစီအစဉ်​အတိုင်း ကျင်းပပြုလုပ်​ခဲ့ရာ ယင်းမူးယစ်​​ဆေးဖြတ်​ ​ဂေဟာသို့ မြို့နယ် ပြည်ခိုင်​ဖြိုးပါတီ၊ တစ်​ဆုပ်​ဆန်​လှူအသင်းအ​နေဖြင့်​ မူးယစ်​​ဆေးဖြတ်​လူငယ်​များ စားသုံးရန်​အတွက်​ တစ်​တင်း ခွဲ ဆန်​အိတ်​ (၄) အိတ်​ လှူဒါန်းမှုပြုခဲ့ကြပါသည်။

ယင်းခရစ္စမတ်​ပွဲ​တော်​သို့ မြို့နယ်​ပါတီဥက္ကဌ ၊ အတွင်း​ရေးမှူးနှင့်​ ဘဏ္ဍာ​ရေးမှူး၊ ​ကော်​မတီဝင်​များ၊ တပ်​ကုန်း၊ မြို့သစ်​ကြီးစည်းရုံး​ရေးမှူးများ၊​ ရှေ့​ဆောင်​စွမ်းအားလူမှု​ရေးအသင်း ဒုဥက္ကဌတို့ တက်​​ရောက်​အား​ပေးခဲ့​ကြောင်း သိရှိရပါသည်။