ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ ကျေးရွာတံတားဖွင့်ပွဲ တက်ရောက်အားပေး

၂၁ – ၁၂ – ၂၀၁၇ ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခရိုင်ဥက္ကဌ ဦးဘိုစံ၊ အတွင်းရေးမှူး ဦးချမ်းမြ၊ ခရိုင်ကော်မတီဝင် ဦးကျာဒေါလုံ၊ မြို့နယ် ကော်မတီဝင် ဦးအောင်ဝင်း၊ ဦးခင်မောင်လွင်၊ ဦးအောင်ထန်နှင့် မြို့နယ် (အရန်) ကော်မတီဝင်များ၊ ပါတီ လူငယ်များသည် တာလေမြို့နယ် တာကြန့်ကျေးရွာအ၀င် တံတားဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး ခဲ့ကြပါသည်။

အဆိုပါ တံတားအား (၁၂ – ၅ – ၂၀၁၇ ) ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး တံတားအရှည် (၁၈-ပေ)၊ အကျယ်(၁၉-ပေ)ရှိ သံကူကွန်ကရစ်တံတားဖြစ်ပြီး တံတားဆောက်လုပ်ရာတွင် တာချီလိတ်ခရိုင်နှင့် မြို့နယ်
ပါတီမှ ကျပ် (၂) သိန်းတန်ဘိုးရှိ ဘိလပ်မြေ (၄၀) အိပ်ထည့်ဝင်လှူဒါန်းခဲ့သည့်တံတားဖြစ်ပါသည်၊

ယနေ့ဖွင့်ပွဲတွင် ကျေးရွာသူကြီး ဦးဒိုးအာ ကျေးရွာပါတီခေါင်းဆောင် ဦးအိုက်ကျိုင်းနှင့် ကျေးရွာသူ / ကျေးရွာသားများ ဖိတ်ကြားချက်အရ ဖွင့်ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တက်ရောက်အားပေး ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။