ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏ​မောင်​လွင်​ ရမည်းသင်း ခရိုင်းအတွင်းရှိ မြို့နယ်များမှ ပါတီကော်မတီအဖွဲ့များအား တွေ့ဆုံ

 

ပြည်​​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအလုပ်​အမှု​ဆောင်​ မန္တ​လေးတိုင်း​ဒေသကြီး နယ်​​မြေတာဝန်​ခံ ဦးဝဏ္ဏ​မောင်​လွင်​နှင့် မန္တ​လေးတိုင်း​ဒေသကြီး ပါတီဥက္ကဌ ဦးဝင်း​မောင်​၊             တိုင်း​ကော်​မတီဝင်​များ လိုက်​ပါလျက်​ (၂၄.၈.၂၀၁၇) ရက်​​နေ့ နံနက်​ပိုင်းတွင်​ ​မိတ္ထီလာခရိုင်​ပါတီရုံးအစည်းအ​ဝေးခန်းမ၌ ​ရမည်းသင်းခရိုင်​ပါတီ​ကော်​မတီအဖွဲ့၊ ​ရမည်းသင်းခရိုင်​ အတွင်းရှိ      မြို့နယ်များမှ ပါတီ​ကော်​မတီအဖွဲ့များအား လည်း​ကောင်း၊ ​နေ့လည်​ပိုင်းတွင်​ မိတ္ထီလာခရိုင်​ပါတီ​ကော်​မတီအဖွဲ့၊ မိတ္ထီလာခရိုင်​အတွင်းရှိ မြို့နယ်​များမှ ပါတီ​ကော်​မတီအဖွဲ့များအား
လည်းကောင်း​ တွေ့ဆုံခဲ့ပြီး လက်​ရှိနိုင်​ငံ​ရေးအ​ခြေအ​နေများအား​ ဆွေး​နွေးခဲ့​ကြောင်း သိရှိရပါသည်​။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး