ဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်သမားများက လုံခြုံရေးရဲကင်း၊ ရဲစခန်းများနှင့် နယ်မြေခံတပ်ဌာနချုပ်တို့အား အင်အားအလုံးအရင်းဖြင့် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်

နေပြည်တော် ၊ သြဂုတ် – ၂၅

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပဒင်းခေါင်းတကာကျေးရွာရှိ ရဲစခန်းတစ်ခုအား ယနေ့နံနက် အစောပိုင်း ၁ နာရီတွင် ဘင်္ဂါလီအစွန်းရောက်အကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖောက်ခွဲကာ လက်နက်ငယ်များ ဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး ဘူးသီးတောင်နှင့် မောင်တောနယ်မြေအတွင်းရှိ လုံခြုံရေးဆောင်ရွက်နေသည့် ရဲကင်းစခန်း ၁၉ ခုကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း တုတ်၊ ဓားကိုင်ဆောင်ထားသော အင်အားများဖြင့် တိုက်ခိုက်ခြင်းနှင့် တံတားများမိုင်းဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိသည်။

ဖြစ်စဉ်များမှာ ယနေ့နံနက် ၁ နာရီ ၂၀ မိနစ်ခန့်တွင် ပညောင်ပင်ကြီးနှင့် သရေကုန်းဘောင်ကျေးရွာအကြား တွင် မိုင်း ၁ လုံးပေါက်ကွဲခဲ့ပြီး နံနက် ၃ နာရီ ၂၅ မိနစ်တွင် ဘင်္ဂါလီအစွန်းရောက်အကြမ်းဖက်သမားများက လောင်းဒုံ၊ နံ့သာတောင်၊ နံ့သာတောင်ချောင်းဝ၊ ကွမ်းသီးပင်ချောင်းဝ၊ နတ်ချောင်းနှင့် သီဟို၌ရဲကင်းစခန်းများ အား လည်းကောင်း၊ နံနက် ၄ နာရီတွင်လည်း ကညင်တန်းကျေးရွာအထွက်၌ ဆွဲမိုင်း ၁ လုံးဖောက်ခွဲပြီး ဘူးသီးတောင်မြို့နယ်၊ ဖောင်တော်ပြင်ရဲကင်းစခန်းအား လည်းကောင်း၊ ဇင်ပိုင်ညာ၊ တမန်းသား၊ ဇီးပင်ချောင်း ၀၊ မီးတိုက်၊ သင်္ဘောကွေ့၊ မြင်းလွတ်၊ အလယ်သံကျော်၊ သ၀င်ချောင်း၊ ဥဒေါင်းတံကား၊ ပညောင်ပင်ကြီးနှင့် ကျီးကျွန်းရဲကင်း စခန်းများ အားလည်းကောင်း တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့သည်။

ဖြစ်စဉ်တွင် တပ်မတော်မှ စစ်သည် ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး နိုင်ငံတော်အတွက် အသက်စွန့်လွှတ်ခဲ့ရပြီး အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ရဲကင်းစခန်းများမှ လက်နက်ငယ် ၅ လက် ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက် သမားများနောက် ပါရှိသွားခဲ့သည်။ မိမိဘက်မှ ပြန်လည်တိုက်ခိုက်ခဲ့ရာ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက် သမားအလောင်း ၁၅ လောင်းရရှိခဲ့သည်။

နံနက် ၃ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာကျေးရွာရှိ နယ်မြေခံ တပ်ဌာနချုပ်အား အင်အား ၁၅၀ ခန့်ဖြင့် နှစ်ဖွဲ့ခွဲ၍ ၀င်ရောက်တိုက်ခိုက်ရန် ကြိုးစားသော်လည်း တပ်ရင်းဌာနချုပ်ရှိ အရာရှိ၊ စစ်သည်များ နှင့် ရဲမေများက ပြန်လည်ပစ်ခတ်ခဲ့၍ နံနက် ၅ နာရီခန့်တွင် အကြမ်းဖက်အဖွဲ့မှ အလောင်း ၆ လောင်း ကျန်ရှိပြီး ထွက်ပြေးသွားခဲ့သည်။

ထို့ပြင် ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာ၌ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများအား ၎င်းင်းတို့၏ နေအိမ်များကို ၎င်းတို့ကိုယ်တိုင် မီးရှို့ဖျက်ဆီးပြီး ထွက်ပြေးသွား ကြောင်း သိရှိရသည်။

ယခု သတင်းထုတ်ပြန်သည့် အချိန်အထိ ကျားခေါင်းတောင်နှင့် နတ်ချောင်း ရဲကင်းစခန်းတို့တွင် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိပြီး တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများကို လိုက်လံချေမှုန်း လျက်ရှိကြောင်းနှင့် ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်မှ အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်သည့်အချိန်၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်မှ ၂၅ ရက်အထိ ပြလုပ်မည့် ကုလသမ္ဂအထွေထွေညီလာခံ ကျင်းပချိန်တို့နှင့် အချိန်ကိုက် အကြမ်းဖက် တိုက်ခိုက်မှုများ ဖန်တီးကာ တိုက်ကွက်များဖော်ဆောင်လာခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး