သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီးရန်ကုန် တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွား သင်တန်း အမှတ်စဉ်(၂)သင်တန်း ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးရတနာ ခန်းမ၌ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ရန်ကုန် တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟို ကော်မတီဝင် တိုင်းအတွင်းရေးမှူး ဦးသာဝင်းက နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်းအဖွင့်အမှာစကား ပြောကြားသည်။ အဆိုပါသင်တန်း ဖွင့်ပွဲသို့ ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဥက္ကဋ္ဌဦးလွင်ဦးနှင့် ခရိုင် ကော်မတီဝင်များ၊ မြို့နယ်ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌဦးကျော်မင်းနှင့် မြို့နယ် ကော်မတီဝင်များ၊မြို့နယ်ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်မင်းသန်းနှင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့များ၊ သင်တန်းနည်းပြဆရာ များ၊သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်းတွင် သန်လျင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရပ်ကွက်၊ ကျေးရွာ များမှ ပါတီဝင် ၇ဝ တက်ရောက် လျက်ရှိကြောင်း သိရသည်။

သက်ခိုင်(သန်လျင်)