အားကစား ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်မည့် ရိုင်ယန်ဂစ်

မန်ယူ ဂန္တ၀င် ကစားသမားဟောင်း ဖြစ်သူ ရိုင်ယန်ဂစ်ဟာ ဗီယက်နမ် ဘောလုံး အကယ်ဒမီ တစ်ခုမှာ အားကစား ဒါရိုက်တာ အဖြစ် ၂ နှစ် စာချုပ် ချုပ်ဆိုကာ တာဝန်ယူ ဆောင်ရွက်ဖို့ သဘောတူညီမှု ရရှိကြောင်း သိရပါတယ်။

ဂစ်ဟာ မန်ယူ အသင်းနှင့် အတူ ကစားသမား ဘ၀မှာ အောင်မြင်မှုတွေ ရရှိခဲ့ပြီးနောက်ပိုင်း မန်ယူ အသင်းမှာ နည်းပြ လူးဝစ်ဗန်ဟားလ် လက်ထောက် အဖြစ် တာဝန် မထမ်းဆောင်ခင် ယာယီ နည်းပြ အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ဖူးသူ ဖြစ်ပါတယ်။

သူဟာ လက်စတာစီးတီးနှင့် အဲဗာတန် အပါအ၀င် ကလပ် အသင်း အတော်များများနှင့် သတင်းထွက်ခဲ့ပေမယ့် အခြား ကလပ်အသင်းတွေမှာတော့ နည်းပြ အဖြစ် ဆောင်ရွက်ခဲ့ဖူး ခြင်း မရှိတာ ဖြစ်ပါတယ်။

မန်ယူ ဂန္တ၀င် ကစားသမားဟောင်း ဖြစ်သူ ရိုင်ယန်ဂစ်ဟာ ဗီယက်နမ် ဘောလုံး ကလပ် PVF အသင်းမှာ အားကစား ဒါရိုက်တာ အဖြစ်ကို နိုဝင်ဘာလ ၂၀ ရက်နေ့ကနေ စတင်ပြီး တာဝန် ထမ်းဆောင်မယ်လို့လည်း သိရပါတယ်။

-Ref; Sky sports