ရှရှားနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေ ဖေ့စ်ဘွတ်ခ် ဖွင့်ချ

ရုရှားကပို့စ်တွေ အမေရိကန် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ ၁၂၆ သန်းဆီ ရောက်ရှိခဲ့

လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ရုရှားကနေ တင်နေတဲ့ ဖေ့စ်ဘွတ်ခ်ပို့စ်တွေဟာ အမေရိကန် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ ၁၂၆ သန်းဆီ အထိ ရောက်ရှိခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်က ပြောပါတယ်။

၂၀၁၆ သမ္မတ ရွေးကောက်ပွဲ မတိုင်မီနဲ့ အပြီး ဇွန် ၂၀၁၅ ကနေ သြဂုတ် ၂၀၁၇ ကြားမှာ ပို့စ် ၈၀,၀၀၀ ဟာ သူတို့ရဲ့ ဆိုရှယ်မီဒီယာကွန်ရက်ပေါ်မှာ ရှိနေတယ်လို့ ဖေ့စ်ဘွတ်ခ်က ပြောပါတယ်။

ပို့စ် အများစုကတော့ လူမှုရေးနဲ့ နိုင်ငံရေး ဆိုင်ရာမှာ အငြင်းပွားဖါယ် ဖြစ်စေတဲ့ သတင်းစကားတွေ ပါဝင်ပါတယ်။

ဒီပို့စ်တွေကို ရှရားသမ္မတရုံးဆိုက်ရာ ကရင်မလန်းနန်းတော်နဲ့ ဆက်နွယ်နေတဲ့ ကုမ္မဏီတခုကနေ တင်ခဲ့တာလို့ ဆိုပါတယ်။

သူသုံးများတဲ့ အွန်လိုင်းကွန်ရက်တွေဖြစ်ကြတဲ့ ဂူဂဲလ် ဖေ့စ်ဘွတ်ခ်၊ တွစ်စ်တာတွေမှာ ရုရျားရဲ့ လွှမ်းမိုးမှုကို ဆီးနိတ် အောက်လွှတ်တော်က ကြားနာစစ်ဆေးတာ မလုပ်မီ ဖေ့စ်ဘွတ်ခ်ကနေ ဒီအချက်အလက်တွေကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဟီလာရီကလင်တန်ကို ကျော်ပြီး ဒေါ်နယ်ထရမ့်အနိုင်ရခဲ့တဲ့ ၂၀၁၆ အမေရိကန် သမ္မတရွေးကောက်မှာ ရုရှားရဲ့ လွှမ်းမိုးမှုရှိတယ်လို့ ဆိုတာကို ရှရားဘက်ကတော့ အမြဲ မပြတ်ငြင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ ရုရှားက ငွေကြေးထောက်ပံ့ထားတဲ့ အွန်လိုင်းမှာ သတင်းမှားတွေ လှုံ့ဆော်တဲ့ ကွန်ရက်တခုကို ဖေ့စ်ဘွတ်ခ်က ဖွင့်ချခဲ့ဖူးပါတယ်။

 (ဘီဘီစီ)