နိုင်ငံအလယ်ပိုင်းကျေးရွာကို စစ်သွေးကြွများ စီးနင်းခဲ့ပြီးနောက်ပိုင်း မာလီသမ္မတက ကာကွယ်ရေးဝန်ကြီးကို ရာထူးမှ ထုတ်ပယ်

Mali-president

စက်တင်ဘာ ၎

မာလီ သမ္မတ အီဘရာဟင် ဘောက်ဘာကာ ကီတာက ကာကွယ်ရေးဝန်ကြီးဖြစ်သူ တီအန်မန် ဟူဘာ့တ် ကော်လီ ဘာလီအား ရာထူးမှ ထုတ်ပယ်လိုက်သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

စက်တင်ဘာ ၂ ရက်က နိုင်ငံအလယ်ပိုင်းရှိ ဘိုနီကျေးရွာကို အစ္စလမ္မစ် စစ်သွေးကြွများက ၀င်ရောက်စီးနင်းခဲ့မှုဖြစ်စဉ် နောက်ပိုင်း ယခုကဲ့သို့ ကာကွယ်ရေးဝန်ကြီး ထုတ်ပယ်ခံလိုက်ရခြင်းဖြစ်ကြောင်း   နိုင်ငံပိုင် ရုပ်သံက ထုတ်လွှင့်သည်။

ကော်လီဘာလီ၏ နေရာကို ယခင်နယ်စပ်စီမံခန့်ခွဲရေး ၀န်ကြီး အဘူလာရီ အဒရစ်ဆာ မိုင်ဂါကို အစားထိုးခန့်အပ် ထားလိုက်သည်။

အစ္စလမ္မစ် စစ်သွေးကြွအဖွဲ့ အန်ဆာဒိုင် အုပ်စုမှဟု ယူဆရသော လက်နက်ကိုင်သမားများသည် ကျေးရွာရှိ အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွေးကောက်ခံ ဒေသအာဏာပိုင်ရုံးကို ၀င်ရောက်စီးနင်းခဲ့သည်။ ယင်းနောက် စစ်တပ်ရောက်လာသည့်အခါကျမှ ပြန်လည်ဆုတ်ခွာသွားခြင်းဖြစ်ကြောင်းနှင့် သေဆုံးသူ မရှိဟု သိရသည်။

ယခု စီးနင်းမှုသည် နိုင်ငံတွင် ယခုနှစ်အတွင်း နောက်ဆုံးဖြစ်ပေါ်လာသော ဖြစ်စဉ်တစ်ခုဖြစ်ကာ နိုင်ငံတစ်ဝန်း အစ္စလမ္မစ် အုပ်စုများ၏  အာဏာကို တိုးပွားစေသည့် လုပ်ရပ်တစ်ခုဖြစ်လာခဲ့ခြင်းကြောင့် သမ္မတက ကာကွယ်ရေး ၀န်ကြီးကို ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း ယူဆနေကြသည်။

-Ref; CNA


Leave a Reply